တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဌာနက ဈေးကွက်အတွင်းရှိ ဆေးဝါးတွေကို စိစစ်ခဲ့ရာ ဆေးဝါး ၅ မျိုးဟာ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားခြင်း မရှိတဲ့ တရားမဝင် ဆေးဝါးတွေ ဖြစ်ကြောင်း စိစစ်တွေ့ရှိလို့ မသုံးစွဲကြဖို့ ကျန်းမာရေး ၀န်ကြီးဌာနက ကြေညာ လိုက်ပါတယ်။

ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံမှာ မှတ်ပုံမတင်ထားတဲ့ ဆေးဝါးတွေကို ဝယ်ယူသုံးစွဲတာ မပြုကြဖို့နဲ့ မှတ်ပုံတင်ရရှိထားတဲ့ ဆေးဝါးတွေကိုလည်း ဆရာဝန် ညွှန်ကြားချက်နဲ့ ဝယ်ယူ သုံးစွဲကြဖို့ အသိပေး ကြေညာထားပါတယ်။

ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှုဆောင်ရွက်ပေးသူတွေ အနေတဲ့ မိမိတို့ သုံးစွဲနေတဲ့ ဆေးဝါးနဲ့ ပတ်သက်ပြီး သံသယဖြစ်ဖွယ် တစုံတရာ ရှိပါက သတင်းပေးပို့ အကြောင်းကြားဖို့လည်း ကြေညာချက်က ဆိုပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/65641

မသုံးစွဲရန် ကြေညာထားသည့် ဆေးဝါး ၅ မျိုး


တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ တရားမ၀င်ဆေးဝါး ၅ မျိုး မသုံးစွဲရန် ကြေညာ Reviewed by သစ်ထူးလွင် on 13:19 Rating: 5
Powered by Blogger.