တနိုင်ငံလုံးမှာ အစိုးရ၊ ကုမ္ပဏီနဲ့ စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေကို စက်တင်ဘာလကုန် နောက်ဆုံးထားပြီး ပြန်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ မကွေးတိုင်း၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူတွေ နစ်နာမှု မရှိစေရေး စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် ဦးလှဆွေက ပြောပါတယ်။
ပြီးခဲ့တဲ့ လွှတ်တော်ထဲ လယ်မြေကော်မရှင်က အစီရင်ခံစာ အပိုင်း-၃ကို ပြည်ထောင်စု လွှတ်တော်ထံ တင်သွင်းခဲ့တုန်းက အစိုးရအနေနဲ့ သိမ်းထားတဲ့လယ်မြေတွေကို ၂၀၁၄ စက်တင်ဘာလကုန် အပြီးပြန်ပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပေမယ့် အခုတော့ မဖြစ်နိုင်တော့ဘူးလို့ သူက ပြောပါတယ်။
အဓိက ၂ ချက်ရှိပြီး တချက်က သိမ်းထားတဲ့ ၀န်ကြီးဌာနတွေ အလုပ်မလုပ်တာနဲ့ သိမ်းထားပြီး ကိုယ်တိုင် မလုပ်ဘဲ သီးစားချထားခဲ့တာကြောင့် အခု လယ်ပြန်ပေးဖို့လုပ်တော့ သီးစားချထား သူနဲ့ မူလပိုင်ရှင်တွေ အပြင်းပွားနေကြတာကြောင့် ဖြစ်တယ်လို့လဲ ဦးလှဆွေက သုံးသပ်ပြောပါ တယ်။
မကွေးတိုင်းအမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကို ဆက်သွယ်မေးမြန်းထားပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no/archives/66285

တနိုင်ငံလုံးသိမ်းထားတဲ့လယ်မြေ စက်တင်ဘာလကုန် အပြီးပြန်ပေးဖို့ မဖြစ်နိုင် (မေးမြန်းချက်)
Reviewed by သစ်ထူးလွင်
on
06:23
Rating: