ပျဉ်းမနားမြို့၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား

နေပြည်တော် စက်တင်ဘာ ၃

နေပြည်တော် ပျဉ်းမနားမြို့၊ မင်္ဂလာရပ်ကွက်၊ ဗိုလ်လက်ျာလမ်းနှင့် ဗိုလ်တောက်ထိန်လမ်းကြား၊ ဗိုလ်မင်းခေါင်လမ်း၏ အရှေ့ဘက်၊ ပျဉ်းမနား မြို့မဈေးကြီး၏ အရှေ့မြောက်ထောင့် အရပ်၊ ဗိုလ်လက်ျာ လမ်းမကြီးပေါ်ရှိ ငွေပဒေသာ အရုပ်ဆိုင်မှ စတင်၍ နံနက် (၂) နာရီ (၁၀) မိနစ်အချိန်တွင် စတင်၍ မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့သည်။

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ရွှေရတနာဆိုင် (၂) ဆိုင်၊ အရုပ်ဆိုင်(၁)ဆိုင်၊ အထည်ဆိုင်(၁)ဆိုင်၊ ဖုန်း ဆိုင်(၁) ဆိုင်နှင့် စားသောက်ဆိုင်(၂)ဆိုင် စုစုပေါင်း(၇)ဆိုင်တို့ မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ပါသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ နေပြည်တော်ကောင်စီဝင် ဦးဖုန်းဇော်ဟန်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးသန်းကျော်ထူး၊ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုအောင်၊ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မိုး၊ နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးဝေဇင်ထွန်း ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး မီးသတ်ယာဉ် အစီး(၃၀)တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ နံနက်(၃)နာရီ အချိန်တွင် မီးညွန့်ကျိုး၍ (၃) နာရီ(၁၅) အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar



ပျဉ်းမနားမြို့၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား ပျဉ်းမနားမြို့၌ မီးလောင်ကျွမ်းမှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:09 Rating: 5
Powered by Blogger.