ရွှေတောင်ကြီး ဘုရားပွဲမှာ စကားများ ရန်ဖြစ်လို့ သေဆုံး၊ ဒဏ်ရာရ

ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၆)ရက်နေ့ က မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့ နယ် ဖလံရုံကျေးရွာမှာ ကျင်းပတဲ့ ရွှေတောင်ကြီး ဘုရား ဗုဒ္ဓပူဇနိယ ပွဲတော်မှာ ပွဲကြည့်သူများ စကားများ ရန်ဖြစ်လို့ သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိခဲ့ကြောင်း သစ်ထူးလွင်မှ သတင်းရရှိ ပါတယ်။

အဆိုပါ ဘုရားပွဲမှာ ကပြဖျော်ဖြေ နေတဲ့ မြနန်းတော် ဇာတ်သဘင်ရဲ့  ဇာတ်ခုံ ညာဘက် ထောင့်တွင် မောင်းမကန် ကျေးရွာနေ မောင်ဝင်းခိုင် ပါ သူငယ်ချင်း (၁၀)ဦးတို့ ပွဲထိုင် ကြည့်နေပါတယ်။  အဲဒီအချိန်မှာ သူတို့ အဖွဲ့ က ထွန်းဇော်လွင်နဲ့ ထွန်းထွန်းနိုင်တို့  ထမင်းစားဖို့  ထွက်လာတုန်း ပွဲဈေးတန်း ထမင်းဆိုင်အနီး အရောက်မှာ ၀င်းခိုင်တို့ ထိုင်နေတဲ့ ဇာတ်ခုံဘေးမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေလို့  ပြန်လာခဲ့ရာ အမည်မသိသူများက ခဲ/ကြံရိုးများနဲ့  ပစ်ပေါက်ပြီး ဓါးမြှောင်နဲ့ ထိုးလို့  ၀င်းခိုင်၊ ထွန်းထွန်းနိုင်နဲ့ စိုးထွေး တို့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရရှိသူတွေကို မင်းဘူးဆေးရုံကြီးကို သယ်ဆောင်လာစဉ် မောင်ဝင်းခိုင်မှာ ရရှိတဲ့ ဒဏ်ရာများကြောင့် လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။

အဆိုအပါ အမှုကို မင်းဘူးမြို့ မ ရဲစခန်းမှာ (ပ)၁၁၆/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆/၃၂၅ အရ အမှုဖွင့် ထားပြီး တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက် နေကြောင်း သစ်ထူးလွင်မှ စုံစမ်းသိရှိ ရပါတယ်။

BY THIT HTOO LWIN


ရွှေတောင်ကြီး ဘုရားပွဲမှာ စကားများ ရန်ဖြစ်လို့ သေဆုံး၊ ဒဏ်ရာရ ရွှေတောင်ကြီး ဘုရားပွဲမှာ စကားများ ရန်ဖြစ်လို့ သေဆုံး၊ ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 04:22 Rating: 5
Powered by Blogger.