မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင် နေကြတဲ့ ရွှေ့ပြောင်း အလုပ်သမား သုံးရောက်ထဲက တစ်ယောက်နှုန်းဟာ အတင်းအဓမ္မ ခိုင်းစေခံနေရတဲ့ ပုံစံမျိုးနဲ့ အလုပ်လုပ်နေရတာကို တွေ့ခဲ့ရတယ်လို့ အမေရိကန်အခြေစိုက် အဖွဲ့တစ်ခုရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အဲဒီစစ်တမ်းက လျှပ်စစ်ဆိုင်ရာ ပစ္စည်းထုတ်လုပ်တဲ့ အလုပ်သမားပေါင်း ၅၀၀ ကို စစ်တမ်းကောက်ယူခဲ့တာ ဖြစ်ပြီး အဲဒီစစ်တမ်းမှာ ဖြေကြားချက်အရ အတင်းအဓမ္မ အလုပ်ခိုင်းစေခံနေရတာတွေက ကျယ် ကျယ် ပြန့် ပြန့် ဖြစ်နေတယ် ဆိုတာကို တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေသူ အများစုက အိမ်နီးချင်းက ဆင်းရဲတဲ့ မြန်မာ၊ အင်ဒိုနီးရှားနဲ့ နီပေါ နိုင်ငံက လူတွေများပြားပြီး တချို့ဆိုရင် သူတို့ကို အလုပ်ရှာဖွေပေးတဲ့ အေဂျင်စီတွေကို တစ်နှစ်စာ လုပ်အားခလောက် ပြန်အကြွေးဆပ်နေရတယ်လို့ ဆိုပါတယ်။
အဲဒီလို အကြွေးတွေ ဆပ်အောင်လို့လည်း အလုပ်ရှာဖွေပေးတဲ့ အေဂျင်စီနဲ့ အလုပ်ပိုင်ရှင်တွေဟာ အလုပ်သမားတွေ ထွက်မပြေးအောင် နိုင်ငံကူးလက်မှတ် သိမ်းဆည်းတာတွေ လုပ်ထားတယ်လို့လည်း သိရပါတယ်။
မလေးရှားနိုင်ငံရဲ့ လျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းရဲ့ ဝင်ငွေဟာ ဒေါ်လာ ၇၅ ဘီလီယံလောက်ရှိပြီး အလုပ်သမား သုံးသိန်းခွဲလောက် ရှိတယ်လို့လည်း သိရပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-18/1369719

![]() |
လျှပ်စစ်ပစ္စည်း ထုတ်လုပ်နေတဲ့ တရုတ်အလုပ်သမားများ (Credit: Reuters) |
မလေးရောက် အလုပ်သမားတွေ အတင်းအဓမ္မ အလုပ်လုပ်နေရ
Reviewed by သစ်ထူးလွင်
on
08:38
Rating: