ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်တွေ ဘားအံမြို့မ ရဲစခန်းတွင် အင်အားပြ

ဗိုလ်ချုပ်ကြီး စောဌေး မောင် (ဗိုလ်ချုပ် ထိန်မောင်) ခေါင်း ဆောင်တဲ့ ကေအန်ယူ/ ကေအန် အယ်လ် အေ ငြိမ်းချမ်း ရေး ကောင်စီ အဖွဲ့ဝင် တဦးကို ကရင်ပြည်နယ် ဘားအံမြို့မ ရဲစခန်း ကနေပြီး တရား စွဲဆိုမှုနဲ့ ပတ် သက်လို့ ကရင်ငြိမ်း ချမ်းရေး ကောင်စီ လက်နက်ကိုင် အဖွဲ့ဝင် ၄၀ လောက်က ဒီကနေ့ ဘားအံမြို့မ ရဲစခန်းမှာ လာရောက်ညှိနှိုင်း ခဲ့ကြပါတယ်။

အမှုဖြစ်စဉ်က လွန်ခဲ့တဲ့ သြဂုတ်လ ၇ ၇က်နေ့က ဘားအံမြို့က အမျိုးသမီးတဦးကို အမည်မသိ လက်နက်ကိုင်တစုက ဖမ်းဆီးခေါ်ဆောင်ပြီး ၀တ်ဆင်ထားတဲ့ ရွှေထည်ပစ္စည်းတွေကို အတင်း ဖြုတ်ယူမှု ဖြစ်ပွားခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုပါ အမျိုးသမီးက အမှုဖွင့်တိုင်ကြားရာမှာ မြို့မရဲစခန်းကနေပြီး ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့က ဒုရင်းတပ်ခွဲမှူး ဦးအယူကို သံသယနဲ့ ခေါ်ယူစစ်ဆေး ခဲ့ပါတယ်။

ဒီလိုခေါ်ယူစစ်ဆေးရာမှာ ဦးအယူရဲ့ အိတ်တွင်း လက်နက်နဲ့ ကျဉ်ဆံတွေ စစ်ဆေးတွေ့ရှိခဲ့တဲ့ အတွက် သိမ်းဆည်းပြီး သူ့ကို ပ/၁၈၃ လက်နက်ဥပဒေ ပုဒ်မ ၁၉ (စ)နဲ့ ရဲစခန်းက အမှုဖွင့်ထား ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီသိမ်းဆည်းခံထားရတဲ့ လက်နက်ကို ပြန်ရဖို့ ဗိုလ်မှူးကြီး စောဂျိုးဇက် ဦးစီးတဲ့ တပ်ဖွင့်ဝင် ၄၀ လောက်က မော်တော်ယဉ် ၁၀ စင်းနဲ့ ဒီကနေ့ ၁၁ နာရီလောက်မှာ ဘားအံရဲစခန်းကို လာရောက်ခဲ့ တာဖြစ်ပါတယ်။

ဘားအံမြို့မ ရဲစခန်းက ဒုရဲအုပ် အောင်မျိုးကျော် ကတော့ သူတို့ကို ဖွင့်ထားတဲ့ အမှုနဲ့ ပတ်သက်ပြီး လာရောက်ညှိနှိုင်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“၀ိုင်းတာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အမှုကိစ္စအတွက် လာရှင်းပြတာပါ။ ဖြစ်စဉ်ကတော့ သူတို့ကို လက်နက်ခဲယမ်းကိစ္စ ပုဒ်မနဲ့ ဖွင့်တဲ့ကိစ္စကို သူတို့အဖွဲ့အစည်းက ဖြစ်တဲ့အတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လာဆွေးနွေးတာပါ။ ပြန်သွားပါပြီ။”

ဒီဖြစ်စဉ်မှာ နှစ်ဘက်တင်းမာမှုနဲ့ တစုံတရာ ပစ်ခတ်မှု မရှိခဲ့ပေမယ့် ဒေသခံပြည်သူတွေ အထိတ်တလန့်ဖြစ်ခဲ့ရပြီး မြို့ဈေးမှာရှိတဲ့ ရွှေဆိုင်တွေလည်း ပိတ်သိမ်းခဲ့ရတယ်လို့လည်း မြို့ခံသတင်းထောက် ကိုဇော်ရဲထက်က ပြောပါတယ်။
“သူတို့မထွက်ခွာခင် အခင်းဖြစ်ပွားနေတဲ့နေရာတွေမှာ နယ်မြေခံတပ်ရင်း ခမရ ၂၀၁ မှူးဗိုလ်ကြီး သက်နိုင်စိုး ဦးစီးပြီး စစ်သည်အင်အား ၂၀ လောက် လာရောက်ပူးပေါင်းတဲ့အချိန်မှာ သူတို့ အဖွဲ့တွေ ပြန်သွားခဲ့တယ်။ အဲဒီအတွက်နဲ့ ပတ်သက်လို့ ပစ်ခတ်မှု တစုံတရာ မဖြစ်ပွားခဲ့ပါဘူး။ အခင်းဖြစ်နေတဲ့အချိန်မှာ မြို့မဈေးမှာရှိတဲ့ ရွှေဆိုင်တချို့ ပိတ်သိမ်းလိုက်ကြတယ်။”

ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်တွေ ရဲစခန်းကို ရောက်ချိန်မှာ နယ်မြေခံအစိုးရ တပ်ရင်း ၂၀၁ က တပ်ဖွဲ့ဝင်တွေလည်းလာ ရောက်ခဲ့တဲ့အတွက် မွန်းလွဲ ၁၂ ခွဲလောက်မှာ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ ပြန်သွားခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အခြေအနေ အသေးစိတ်သိဖို့ ကရင်ငြိမ်းချမ်းရေးကောင်စီ တာဝန်ရှိသူတွေ ကို ဒီဗွီဘီက မေးမြန်းဖို့ ကြိုးစားနေပေမယ့် အဆက်အသွယ် မရသေးပါဘူး။

By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no/archives/64173

KNLA-soldiers (photo_mark farmaner)

ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်တွေ ဘားအံမြို့မ ရဲစခန်းတွင် အင်အားပြ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင်တွေ ဘားအံမြို့မ ရဲစခန်းတွင် အင်အားပြ Reviewed by သစ်ထူးလွင် on 18:49 Rating: 5
Powered by Blogger.