သူရ ရွှေမန်း ဗီယက်နမ် ခရီး

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဌ သူရ ဦးရွှေမန်း နဲ့ အဖွဲ့ ဗီယက်နမ် နိုင်ငံ အမျိုးသား လွှတ်တော် ကွန်ဂရက် ဥက္ကဋ္ဌဌ ဖိတ်ကြားချက် အရ ဗီယက်နမ် ကို သောကြာနေ့မှာ လေ့လာရေး သွားမှာ ဖြစ်ပါတယ် ။

တပါတီ စနစ်ကို ကျင့်သုံးတဲ့ ဗီယက်နမ် နိုင်ငံက ဥပဒေ ပြုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု တွေနဲ့ တခြား ကိစ္စ တွေကို လေ့လာ သွားမယ်လို့ အတူ လိုက်ပါ သွားမယ့် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ က ဥက္ကဋ္ဌဌ ဦးလှမြင့်ဦး က ပြောပါတယ်။

ဗီယက်နမ် က မြန်မာပြည် ရင်းနှီး မြှုပ်နှံသူများ အစည်းအရုံး၊ စက်မှု ကုန်သည်ကြီး များ အသင်းတွေ နဲ့လဲ တွေ့မယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံက သွားရောက် လေ့လာတဲ့ နိုင်ငံတကာ လွှတ်တော် ၂ဝ ကျော် ရှိနေပြီး ကိုယ့်နိုင်ငံနဲ့ ဆီလျော် မယ့် နည်းနာ လမ်းကြောင်း တွေပဲ ရယူ သွားမှာ ဖြစ်တယ် ၊ ဒီခရီးမှာ စစ်ရေး ကိစ္စ လေ့လာမှု တွေတော့ မပါဝင်ဘူး လို့ ဦးလှမြင့်ဦး က ပြောပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/09/140904_shweman_vietnam.shtml

တပါတီ စနစ်နဲ့ သွားတဲ့ ဗီယက်နမ် လွှတ်တော်

သူရ ရွှေမန်း ဗီယက်နမ် ခရီး သူရ ရွှေမန်း ဗီယက်နမ် ခရီး Reviewed by သစ်ထူးလွင် on 04:57 Rating: 5
Powered by Blogger.