တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ ပိုက်ကျော်ခြင်း အသင်းဟာ ရွှေတံဆိပ် ၂ ခု ဆွတ်ခူး ရရှိသွားပြီ ဖြစ်ပါတယ်။
ဒီရွှေတံဆိပ်တွေဟာ အမျိုးသားနဲ့ အမျိုးသမီး ၂ ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။
အမျိုးသား ၂ ယောက်တွဲပြိုင် ပွဲ မှာတော့ မြန်မာ အသင်းဟာ အိမ်ရှင် တောင်ကိုးရီးယား အသင်းကို ၂ ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ရွှေတံဆိပ် ဆွတ်ခူးခဲ့တာ ဖြစ်သလို အမျိုးသမီး ၂ ယောက်တွဲပြိုင်ပွဲမှာတော့ လာအိုအသင်းကို အနိုင်ရရှိပြီး ရွှေတံဆိပ်ဆုရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ ရွှေတံဆိပ် ၂ ခုရရှိထားတဲ့ မြန်မာအသင်းဟာ ဇယား နံပါတ် ၇ မှာ ရပ်တည်နေပါတယ်။
By Webteam (ဒီဗွီဘီ)
http://burmese.dvb.no/archives/65638

အာရှအားကစားပြိုင်ပွဲ မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ် ၂ ခု ဆွတ်ခူး
Reviewed by သစ်ထူးလွင်
on
13:17
Rating: