အယ်လ်ရှာဘတ် ခေါင်းဆောင်ကို ကန် တိုက်ခိုက်

ဆိုမာလီယာ နိုင်ငံမှာ ရှိတဲ့ အယ်လ်ရှာဘတ် Al Shabab အစွန်းရောက် မွတ်ဆလင် အဖွဲ့ကို အမေရိကန်က လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး စစ်ဆင်ရေး ရလဒ်ကို အကဲဖြတ် သုံးသပ် နေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရသူက ပြောပါတယ်။

မိုဂါဒစ်ရှုး မြို့တော်ရဲ့ တောင်ဘက် ကီလိုမီတာ ၂၄၀ လောက်မှာ အယ်လ်ရှာဘတ် ခေါင်းဆောင် Ahmed Abdi Godane ကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သူ့ကို ထိမှန်မှု ရှိမရှိ ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲဒီ ဒေသမှာ မီးလောင်ထားတဲ့ ကားတွေကို တွေ့မြင်ရကြောင်း ဒေသခံ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

စစ်သွေးကြွတွေကလည်း အမေရိကန် သတင်းပေး အဖြစ် မသင်္က࿿ာတဲ့ ဒါဇင်နဲ့ ချီတဲ့ ဒေသခံတွေကို ဖမ်းဆီးသွားတယ်လို့ တချို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140902_somalia_al_shabab.shtml

အစ္စလာမစ် အစွန်းရောက် အယ်လ်ရှာဘတ် အဖွဲ့

အယ်လ်ရှာဘတ် ခေါင်းဆောင်ကို ကန် တိုက်ခိုက် အယ်လ်ရှာဘတ် ခေါင်းဆောင်ကို ကန် တိုက်ခိုက် Reviewed by သစ်ထူးလွင် on 01:35 Rating: 5
Powered by Blogger.