တရုတ်နိုင်ငံရှိ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား


ချန်ရှာ ၊ ၂၄-၉-၂၀၁၄

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် အတွင်းရှိ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် စက်တင်ဘာ ၂၂ ရက်က ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ရာ ၁၂ ဦးသေဆုံးပြီး ၃၃ ဦး ဒဏ်ရာရရှိကာ ၂ ဦး ပျောက်ဆုံးလျက် ရှိကြောင်းကို ဒေသတွင်း အာဏာပိုင်များ ၏ ထုတ်ဖော် ပြောကြားချက်အား Xinhua သတင်းဌာနက ကိုးကား၍ ဖော်ပြခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုသည် လီလင်းမြို့ ပေါင်ဖန်ကျေးရွာ အတွင်းရှိ Nanyang Export မီးရှူးမီးပန်း စက်ရုံတွင် စက်တင်ဘာ ၂၂ ရက် ဒေသ စံတော်ချိန် ညနေ ၃ နာရီ ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လီလင်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့က ထုတ်ပြန်သည့် သတင်း အချက်အလက် များအရ သိရသည်။

လက်ရှိ အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာကို ဝန်းရံပိတ်ဆို့ ထားပြီး တာဝန်ရှိ သူများ အနေဖြင့် ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို စုံစမ်း စစ်ဆေးလျက် ရှိသည်ဟု သိရသည်။

လီလင်းမြို့သည် နိုင်ငံ၏ မီးရှူးမီးပန်း များ အဓိက ထုတ်လုပ်သည့် စက်ရုံများ အခြေစိုက်ရာ မြို့တစ်မြို့ ဖြစ်သည်ဟုလည်း သိရှိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/09/blog-post_13.html


တရုတ်နိုင်ငံရှိ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား တရုတ်နိုင်ငံရှိ မီးရှူးမီးပန်း စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:34 Rating: 5
Powered by Blogger.