ပွဲစီစဉ်သူတွေ တောင်းပန်မှသာ သရဖူ ပြန်ပေးမယ်လို့ မေမြတ်နိုးပြော

Miss ​Asia ​Pacific ​World ​အလှမယ်သရဖူဆု ​အသိမ်းခံရတဲ့ ​မေမြတ်နိုးက ​တောင်ကိုးရီးယား ​နိုင်ငံက ​အလှမယ်ပွဲ ​ဖြစ်မြောက်ရေး ​သမားတွေ ​သူ့ကို ​တောင်းပန်မှသာ ​သရဖူး ​ပြန်လည် ​အပ်နှံမယ်လို့ ​ပြောလိုက်ပါတယ်။

ဒါ့အပြင် ​တဖက်က ​စွပ်စွဲထားသလို ​သူ့အနေနဲ့ ​ရင်သား ​ခွဲစိတ်မှု ​ခံယူထားခြင်း ​မရှိဘူးလို့ ​ပြောပါတယ်။

မေမြတ်နိုးဟာ ​အသက် ​၁၆ ​နှစ်သာရှိပြီး ​Korea ​K-pop ​star ​ဖြစ်ဖို့ ​တောင် ​ကိုးရီးယား ​နိုင်ငံကို ​နောက် ​တကြိမ် ​အသွားမှာ ​Miss ​Asia ​Pacific ​World ​အလှမယ် ​ပြိုင်ပွဲ ​စီစဉ် ​သူတွေ ​နဲ့ ​ပြဿနာ ​ဖြစ်ပြီး ​ရရှိခဲ့တဲ့ ​သရဖူနဲ့အတူ ​မြန်မာ ​နိုင်ငံကို ​ပြန်လာ ​ခဲ့တာပါ။

အလှမယ်ပွဲ ​စီစဉ်သူတွေ ​ဘက်ကတော့ ​မေမြတ်နိုးဟာ ​ဒေါ်လာ ​တစ်သောင်းတန်တဲ့ ​ရင်သားခွဲစိတ်မှုနဲ့အတူ ​သရဖူကိုပါ ​ယူပြီး ​ထွက်ပြေးသွားပြီလို့ ​ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စအပေါ် ​မြေမြတ်နိုးက ​ငြင်းဆိုလိုက်ပြီး ​သူ့ကို ​sponsor ​တွေရအောင် ​စီးပွားရှင်တွေကို ​အဖော်ပြုဖို့ ​ပြောဆိုမှုတွေ ​ရှိခဲ့တဲ့အတွက် ​တောင်ကိုးရီးယား ​ဘက်က ​မြန်မာကို ​တောင်းပန်မှသာ ​သရဖူပြန်အပ်နှင်းမယ်လို့ ​ပြောပါတယ်။

သူ့ကို ​ခေါင်းကနေ ​ခြေအထိ ​ခွဲစိတ်ကုသမှု ​ခံယူဖို့ ​ဖိအားပေးမှုတွေ ​ခံခဲ့ရပေမယ့် ​သူ့အနေနဲ့ ​ဘာမှ ​မခံယူခဲ့ဘူးလို့ ​မေမြတ်နိုးက ​ပြောပါတယ်။

သရဖူကို ​ခိုးယူတာမဟုတ်ပဲ ​သရဖူသိမ်းမယ်ဆိုတာ ​မသိရခင်ကတည်းက ​လေယာဉ်ပေါ် ​ရောက်ရှိနေတာလို့ ​ပြောပါတယ်။

Miss ​Asia ​Pacific ​World  ​တည်ထောင်သူ ​Young ​Choi ​ကတော့ ​မေမြတ်နိုးအနေနဲ့ ​ရင်သားခွဲစိတ်မှု ​ခံယူခဲ့တယ်ဆိုတဲ့ ​ဓာတ်ပုံအထောက်အထားတွေ ​သူတို့မှာ ​ရှိနေပြီး ​မေမြတ်နိုးအပေါ် ​တရားစွဲဆိုမှုတွေ ​လုပ်ဖို့ ​စဉ်းစားသွားမယ်လို့လည်း ​တုန့်ပြန်လိုက်ပါတယ်။

ဒါ့အပြင် ​မေမြတ်နိုးပြောခဲ့တာတွေက ​မဟုတ်မမှန်ကြောင်း၊ ​တောင်းပန်မှု ​လုပ်ရမှာက ​သူတို့မဟုတ်ပဲ ​မေမြတ်နိုးသာ ​ဖြစ်တဲ့အကြောင်း ​ပြောပါတယ်။

မြန်မာနဲ့ ​ကိုးရီးယားနှစ်နိုင်ငံအကြား ​ဆက်ဆံရေးကို ​ထောက်ပြီး ​ဒီကိစ္စကို ​ငြင်သာစွာ ​ကိုင်တွယ်ဖို့ ​ဆုံးဖြတ်ခဲ့ပေမယ့် ​ပူးပေါင်းမှုမရှိရင် ​ဥပဒေအရ ​ရင်ဆိုင်သွားမယ်လို့လည်း ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-03/1364001

မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Miss Asia Pacific World အလှမယ်ဟောင်း မေမြတ်နိုး (Credit: Reuters) 

ပွဲစီစဉ်သူတွေ တောင်းပန်မှသာ သရဖူ ပြန်ပေးမယ်လို့ မေမြတ်နိုးပြော ပွဲစီစဉ်သူတွေ တောင်းပန်မှသာ သရဖူ ပြန်ပေးမယ်လို့ မေမြတ်နိုးပြော Reviewed by သစ်ထူးလွင် on 09:11 Rating: 5
Powered by Blogger.