ဖိလိပိုင်နိုင်ငံက အကြမ်းဖက် အဖွဲ့တစ်ခုက ဂျာမနီနိုင်ငံသား တစ်ဦးကို ပြန်ပေးဆွဲထားပြီး IS စစ်သွေးကြွအဖွဲ့ကို နှိမ်နင်းရေးမှာ ဂျာမနီအနေနဲ့ ပါဝင်မှုတွေ မလုပ်ဖို့ တောင်းဆိုလိုက်သလို ဒေါ်လာ ၅ သန်းပေးရင် ဖမ်းဆီးထားသူကို လွတ်ပေးမယ်လို့လည်း ပြောလိုက်ပါတယ်။
ဂျာမနီအစိုးရကတော့ IS အဖွဲ့ကို နှိမ်နင်းဖို့ ကိစ္စမှာ ဆက်လက် ထောက်ခံမှု လုပ်သွားမယ်လို့ တုန့်ပြန်ထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒေသခံ အာဏာပိုင်တွေရဲ့ အဆိုအရ IS တပ်ဖွဲ့တွေဟာ သေနတ်တွေ၊ ပိုက်ဆံတွေ ပေးမယ်ဆိုပြီး မွတ်စလင်လူငယ် ၁၀၀ ကျော်ကို စည်းရုံး သင်တန်းပေးတာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ ဂျာမနီနိုင်ငံသားကို ဖိလစ်ပိုင်နိုင်ငံက Abu Sayyaf အဖွဲ့က ဖမ်းဆီးထားတာပါ။
ဒါပေမဲ့ဖိလစ်ပိုင် သမ္မတ Benigno Aquino ကတော့ ဖိလစ်ပိုင်နိုင်ငံမှာ IS တပ်ဖွဲ့နဲ့ တိုက်ရိုက်အဆက်အသွယ်ရှိတဲ့ အကြမ်းဖက်အဖွဲ့တွေမရှိတဲ့အကြောင်း၊ IS ရဲ့ လုပ်ရပ်တွေကို ထောက်ခံတဲ့ အဖွဲ့အစည်းတွေသာ ရှိနိုင်တယ်လို့ ထောက်လှမ်းရေးတွေရဲ့ သတင်းပေးချက်အရ သိရတဲ့အကြောင်း ဖိလစ်ပိုင် သမ္မတက ပြောခဲ့တယ်လို့ အေဘီစီ သတင်းထောက် Shirley Escalante က မနီလာမြို့ကနေ သတင်းပေးပို့ထားပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-25/1372179

![]() |
ဖိလစ်ပိုင် သမ္မတကတော့ IS အဖွဲ့နဲ့ တိုက်ရိုက် ဆက်သွယ်မှုရှိတဲ့ အကြမ်းဖက်အဖွဲ့ဆိုတာ ဖိလစ်ပိုင်မှာ မရှိသေးဘူးလို့ဆို (Credit: ABC) |
ဂျာမန်တစ်ဦးကို ဖိလစ်ပိုင်အကြမ်းဖက်အဖွဲ့ ဖမ်းထား
Reviewed by သစ်ထူးလွင်
on
08:32
Rating: