ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာတွေကို နှစ်လ အတွင်း ပြန်လည် ခေါ်ယူမယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ​ရောက်ရှိခိုလှုံနေတဲ့ ​မြန်မာနိုင်ငံ ​သားတွေ ​ကို ​နှစ်လ ​အတွင်း ​ပြန်လည် ​ခေါ်ယူဖို့ ​မြန်မာ ​အစိုးရက ​တနင်္ဂနွေနေ့က ​သဘောတူတဲ့ ​အကြောင်း ​သိရပါတယ်။

မြန်မာနိုင်ငံသား ​အဖြစ် ​အသိအမှတ် ​ပြုထား ​သူတွေကို ​မြန်မာ ​အစိုးရက ​ပြန်လည် ​ခေါ်ယူမှာဖြစ်ပြီး ​ဒါဟာ ​၂၀၀၅ ​ခုနှစ်နောက်ပိုင်း ​ပထမဆုံး ​အကြိမ် ​ပြန်လည် ​လုပ်ဆောင် ​ခြင်းဖြစ် ​တယ်လို့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံထုတ် ​Prathom ​သတင်းမှာ ​ဖော်ပြ ​ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် ​နိုင်ငံမှာ ​မြန်မာနိုင်ငံသား ​၃၂၀၀၀ ​ရှိကြောင်း ​တရားဝင် ​စာရင်းအရ ​သိရပြီး ​အဲ့ဒီထဲက ​လူပေါင်း ​၂၄၀၀ ​ကျော်ကို ​ပထမဆုံး ​ပြန်လည် ​ခေါ်ယူမှာ ​ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​လာမယ့်နှစ်မှာ ​ကျင်းပမယ့် ​နှစ်နိုင်ငံ ​နိုင်ငံခြားရေး ​ဝန်ကြီး ​အဆင့် ​ဆွေးနွေးပွဲမှာ ​ပြန်လည် ​ဆန်းစစ်မှာ ​ဖြစ်ပါတယ်။

ဒါ့အပြင် ​မြန်မာနိုင်ငံမှာ ​ထိန်းသိမ်း ​ခံနေရတဲ့ ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံသား ​အယောက်ပေါင်း ​၁၉၀ ​ကို ​ဘင်္ဂလားဒေ့ရှ် ​နိုင်ငံ ​ပြန်ပို့ဖို့နဲ့ ​ဘင်္ဂလားဒေ့ရှ် ​အကျဉ်းထောင် ​အတွင်းက ​မြန်မာနိုင်ငံသား ​အယောက်ပေါင်း ​၁၁၀ ​ကို ​ပြန်လည်ခေါ်ယူဖို့ ​ကိစ္စတွေကိုလည်း ​ဆွေးနွေး ​ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ ​မြန်မာအကြား ​တရားမဝင် ​မူးယစ်ဆေးဝါး ​ရောင်းဝယ်မှုနဲ့ ​လူကုန်ကူးမှုတွေကို ​ပူးပေါင်း ​တိုက်ခိုက်ဖို့ ​လည်း ​သဘောတူ ​ခဲ့ကြသလို ​သဘာဝ ​ဓာတ်ငွေ့အစရှိတဲ့ ​စွမ်းအင် ​ပိုင်းဆိုင်ရာ ​မှာလည်း ​ပိုမိုပူးပေါင်းမှု ​လုပ်ဖို့ ​ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာနိုင်ငံ ​ဒုနိုင်ငံခြားရေးဝန်ကြီး ​ဦးသန့်ကျော် ​ဦးဆောင်တဲ့ ​ကိုယ်စားလှယ်အဖွဲ့ရဲ့ ​လေးရက်ကြာ ​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ​ခရီးစဉ်အတွင်း ​ဆွေးနွေးမှုတွေ ​ပြုလုပ်ခဲ့ကြတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-01/1362943

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ကူးသွားနေတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ (Credit: AFP) 

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာတွေကို နှစ်လ အတွင်း ပြန်လည် ခေါ်ယူမယ် ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာတွေကို နှစ်လ အတွင်း ပြန်လည် ခေါ်ယူမယ် Reviewed by သစ်ထူးလွင် on 06:22 Rating: 5
Powered by Blogger.