ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းလယ်ကျွန်း လမ်းဖြတ်ကို ဖြတ်သန်းမောင်းနှင်သည့် ဆိုင်ကယ်အား ခရီးသည်တင်ယာဉ်က ၀င်ရောက်တိုက်မိ

နေပြည်တော်၊ စက်တင်ဘာ ၂၁

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီအချိန် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၉/၆-၇)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ လမ်းအရှေ့ဘက်မှ အနောက်ဘက်သို့ လမ်းလယ်ကျွန်းလမ်းဖြတ်အား ဖြတ်သန်းမောင်းနှင်သည့် အုတ်တွင်းမြို့နယ်၊ အညာစုကျေးရွာနေ သိန်းဇော်(၃၀)နှစ်မောင်းနှင်ပြီး အုတ်တွင်းမြို့နယ်၊ ဇီးကုန်းကျေးရွာနေ ဦးမောင်မောင်(၆၈)နှစ် လိုက်ပါလာသော တာရန်း-၁၁၀ အနက်ရောင်ဆိုင်ကယ်အား ရန်ကုန်မှနေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်နေ ဦးကြည်သန်း(၄၈)နှစ်မောင်းနှင်လာသော 5C/xxxx Elite ခရီးသည်တင်မှန်လုံယာဉ်က အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။ ထိုသို့ တိုက်မိမှုကြောင့် 5C/xxxx ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိသော်လည်း ဦးမောင်မောင်တွင် ၀ဲနားသွေးထွက်၊ ၀ဲလက်/၀ဲခြေသလုံးကျိုး၊ ပါးစပ်သွေးထွက်၊ မျက်နှာ/ယာပေါင်ပွန်းပဲ့ဒဏ်ရာနှင့် သိန်းဇော်တွင် ဦးခေါင်းဝဲဘက်ချိုစောင်း/ယာခြေကျင်းဝတ်ပေါက်ပြဲ၊ ယာလက်/၀ဲတံတောင်ဆစ်/ခါး ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် အုတ်တွင်းဆေးရုံသို့တင်ပို့ကုသစဉ် ဦးမောင်မောင်မှာ ရရှိသောဒဏ်ရာများဖြင့် ဆေးရုံသို့အရောက်၌ သေဆုံးသွားခဲ့သောကြောင့် သိန်းဇော်အား ဗောဓိကုန်းအမြန်လမ်းရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။

ထို့နောက် အုတ်တွင်းဆေးရုံမှ တောင်ငူပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ဆေးကုသမှုခံယူနေသော သိန်းဇော်မှာ ယင်းနေ့ ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ မှ ၃၀၄-က သို့ ပြောင်းလဲ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia


ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းလယ်ကျွန်း လမ်းဖြတ်ကို ဖြတ်သန်းမောင်းနှင်သည့် ဆိုင်ကယ်အား ခရီးသည်တင်ယာဉ်က ၀င်ရောက်တိုက်မိ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လမ်းလယ်ကျွန်း လမ်းဖြတ်ကို ဖြတ်သန်းမောင်းနှင်သည့် ဆိုင်ကယ်အား ခရီးသည်တင်ယာဉ်က ၀င်ရောက်တိုက်မိ Reviewed by သစ်ထူးလွင် on 09:56 Rating: 5
Powered by Blogger.