အီရတ်နိုင်ငံမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရတဲ့ နေရာတချို့ကို တွေ့ရှိထားတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
အီရတ်နိုင်ငံ Tikrit မြို့မှာ ISIS စစ်သွေးကြွအဖွဲ့တွေကနေ လူအယောက်ပေါင်း ၅၀၀ ကျော် သတ်ဖြတ်ခဲ့ဖွယ် ရှိနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
ဇွန်လတုန်းက အီရတ်စစ်စခန်းတွေကို ISIS အကြမ်းဖက်သမားတွေ ဝင်ရောက်သိမ်းပိုက်တုန်း လူအစုလိုက် အပြုံလိုက်ကို သတ်ဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ နေရာတွေကို တွေ့ရှိပြီးတဲ့နောက် အီရတ်နိုင်ငံပါလီမန်မှာ အရေးပေါ် ဆွေးနွေးမှုတွေလုပ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-04/1364427

အီရတ်မှာ လူအစုလိုက် သတ်ဖြတ်ခဲ့တဲ့ နေရာတွေ့ရှိ
Reviewed by သစ်ထူးလွင်
on
06:57
Rating: