၂၀ဝ၇ သံဃာ့လှုပ်ရှားမှု ၇ နှစ်ပြည့်

၂၀ဝ၇ ခုနှစ်က ကုန်ဈေးနှုန်း ကျဆင်းရေး အတွက် မေတ္တာပို့ ကြွချီတဲ့ ပခုက္ကူ သံဃာထုကို အာဏာပိုင် တွေက ဖမ်းဆီး ရိုက်နှက်ခဲ့ပြီး မတောင်း ပန်လို့ သပိတ်မှောက် ကံဆောင် ခဲ့တဲ့ ပတ္တနိက္ကုစ္စန ကံဟာ အခု အချိန် အထိ ဆောင်ထားဆဲ ဖြစ်တယ်လို့ ၂၀ဝ၇ သံဃာ့ လှုပ်ရှားမှု ၇ နှစ်ပြည့်မှာ သံဃာတွေက မိန့်ကြား လိုက်ပါတယ်။

ဒီကံဆောင်မှုကို လှန်ခြင်း ပြုဖို့ အတွက် သံဃာတွေကို ကျေနပ် သည် အထိ တောင်းပန် မှသာ ရမှာ ဖြစ်ကြောင်း ၁၉၉ဝနဲ့ ၂၀ဝ၇ ကံဆောင်ပွဲမှာ ကိုယ်တိုင် ပါဝင် ခဲ့လို့ ထောင်ဒဏ် ၁၀ နှစ် ၂ ကြိမ် အပြစ်ပေး ခံခဲ့ ရတဲ့ ဓမ္မပီရ ကျောင်းက ဆရာတော် ဦးပဏ္ဍဍဝံသ မိန့်ပါတယ်။

သံဃာ့ လှုပ်ရှားမှု ၇ နှစ်ပြည့် အခမ်း အနားကိုလည်း ဆရာတော် ဦးပဏ္ဍဍဝံသ ကပဲ ဦးဆောင်ပြီး ရန်ကုန် သင်္က္န်းကျွန်း ကျိုက္ကစံ ဓမ္မပီရ ကျောင်းမှာ ပြုလုပ် ခဲ့ရာ သံဃာ ၁၅၀ ကျော် ကြွရောက် ခဲ့တယ်လို့ သိရ ပါတယ်။

မန္တလေးမြို့က သံဃာတော်တွေ ကတော့ ရွှေဝါရောင် နှစ်ပတ်လည် အခမ်းအ နားကို မဟာ မြတ်မုနိ အရှေ့ဘက် နားက မဟာ မင်းထင် ကျောင်းတိုက်မှာ လုပ်ခဲ့ ပြီး သံဃာ ၂၀ဝ ကျော် ကြွရောက်ခဲ့ ပါတယ်။

ခါတိုင်း နှစ်တွေ ကျင်းပတဲ့ နှစ်ပတ်လည် အခမ်း အနား တွေမှာ သံဃာ ထောင်ချီ တက်ရောက်ခဲ့ပြီး ခု အရင်က လောက် သံဃာ အင်အား မများတော့ဘဲ စိတ်ဝင် စားမှု နည်းလာ တာကို တွေ့ရ ပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/burma/2014/09/140918_2007_monks_movement.shtml

သံဃာတွေကို ကျေနပ်တဲ့ အထိ တောင်းပန်မှ ပတ္တနိက္ကုစ္စန ကံဆောင်မှုကို လှန်ခြင်း ပြုနိုင်မယ်

၂၀ဝ၇ သံဃာ့လှုပ်ရှားမှု ၇ နှစ်ပြည့် ၂၀ဝ၇ သံဃာ့လှုပ်ရှားမှု ၇ နှစ်ပြည့် Reviewed by သစ်ထူးလွင် on 03:17 Rating: 5
Powered by Blogger.