ချန်ပီယံ စောငမန်းကို ထွန်းထွန်းမင်း အလဲထိုးအနိုင်ယူ

လက်ရှိ မြန်မာပြည် လက်ဝှေ့ချန်ပီယံ စောငမန်းကို စိန်ခေါ်ယှဉ်ပြိုင်ခဲ့တဲ့ ထွန်းထွန်းမင်းက အလဲထိုး အနိုင်ယူခဲ့ပြီး မြန်မာပြည် လက်ဝှေ့ ချန်ယံသစ် ဖြစ်သွားပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့က ရန်ကုန်မြို့ရှိ သိမ်ဖြူ အားကစား ခန်းမမှာ ပြုလုပ်တဲ့ မြန်မာပြည် ချန်ပီယံစိန်ခေါ်ပွဲမှာ စိန်ခေါ်သူ ထွန်းထွန်းမင်းဟာ လက်ရှိ မြန်မာပြည် လက်ဝှေ့ချန်ပီယံဖြစ်တဲ့  စောငမန်းကို ပွဲစဉ်ရဲ့ စတုတ္ထအချီမှာ အလဲထိုင်း အနိုင်ရလိုက်တာ ဖြစ်ပါတယ်။

ပွဲစဉ်ရဲ့ အဆုံးအဖြတ်ဖြစ်ခဲ့တဲ့ စတုတ္ထအချီမှာ စိန်ခေါ်သူ ထွန်းထွန်းမင်းရဲ့ ဘယ်ဒူး တိုက်ချက်ကြောင့် စောငမန်းဟာ အရှိုက်ထိသွားပြီး အရှုံးပေးလိုက်ရတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/65621



ချန်ပီယံ စောငမန်းကို ထွန်းထွန်းမင်း အလဲထိုးအနိုင်ယူ ချန်ပီယံ စောငမန်းကို ထွန်းထွန်းမင်း အလဲထိုးအနိုင်ယူ Reviewed by သစ်ထူးလွင် on 10:38 Rating: 5
Powered by Blogger.