အဆိပ်သင့် ဆေးတောင့်ခွံ သန်း ၉၀ တရုတ်ဈေးကွက်ထဲ ရောင်းချခဲ့ဟုဆို

ခရိုမီယံအဆိပ်သင့်နေတဲ့ ဆေးတောင့်ခွံ သန်း ၉၀ ကို တရုတ်ဈေးကွက်ထဲမှာ တရားမဝင် ရောင်းခဲ့တယ်လို့ အစိုးရမီဒီယာ စက်တင်ဘာလ ၄ ရက်နေ့က ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

ဆေးတောင့်ခွံတွေ ဘယ်မှာ အဆုံးသတ်လဲ ဆိုတာ ရဲတွေက နောက်ကြောင်းရှာဆဲပါ။ ကျဲ့ကျန်းပြည်နယ် အရှေ့ဘက် နင်းဟိုင်မြို့နယ်ထဲက လတ်တလောစီးနင်းမှုအတွင်း လူ ၁၁ ယောက်ကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သူတို့ငှားရမ်း ထားတဲ့အလုပ်ရုံအတွင်း တဝက်တပျက် ပြီးစီးနေတဲ့ကုန်စည် ကီလို ၈၀၀ ကျော်နဲ့ ဆေးတောင့်ခွံ ၄ သိန်း ၄ သောင်းကိုလည်း သိမ်းဆည်းရမိတယ်လို့ သတင်းက ပြောပါတယ်။

ဆေးတောင့်ခွံတွေလုပ်ဖို့ တိရစ္ဆာန်အစိတ်အပိုင်းတွေ ကရတဲ့ ဂျဲလတင်ကို သုံးရမယ့်အစား ဒီဂိုဏ်းက ဈေးပေါတဲ့ သားရေအပိုင်းအစတွေကို ပျော့ပျောင်းသွားအောင် ခရိုမီယံနဲ့ပြုပြင်ထားတဲ့ စက်မှုလုပ်ငန်းသုံး ဂျဲလက်တင်တွေကို သုံးခဲ့တာပါ။
သူတို့ အဖမ်းမခံရခင် ဖေဖော်ဝါရီလကနေ ဇူလိုင်လအတွင်း အဆိပ်သင့်ဆေးတောင့်ခွံ သန်း ၉၀ ကို ဈေးကွက်ထဲမှာ ရောင်းခဲ့ပြီးပြီလို့ ရှင်းဟွာက ပြောပါတယ်။

တရုတ်နိုင်ငံတွင်း ရိုးရာတိုင်းရင်းဆေးတွေက လူကြိုက်များလို့ အမှုန့်လုပ်ပြီး ဆေးတောင့်ခွံ တွေထဲမှာ ထည့်သွင်းရောင်းချမှု တွင်ကျယ်နေတာပါ။ ဈေးကွက်ပြိုင်ဆိုင်မှုကြောင့် ကုန်ကျစရိတ် နည်းပြီး အမြတ်ကျန်ဖို့ ဖိအားပေးမှုတွေ ရှိနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/64212


အဆိပ်သင့် ဆေးတောင့်ခွံ သန်း ၉၀ တရုတ်ဈေးကွက်ထဲ ရောင်းချခဲ့ဟုဆို အဆိပ်သင့် ဆေးတောင့်ခွံ သန်း ၉၀ တရုတ်ဈေးကွက်ထဲ ရောင်းချခဲ့ဟုဆို Reviewed by သစ်ထူးလွင် on 14:24 Rating: 5
Powered by Blogger.