မန္တလေး ၊ ၂၂-၉-၂၀၁၄
မြန်မာ့ရွှေဈေး သည် ယခင် ကျဆင်းလျက် ရှိသော ဈေးထက်ပင် စက်တင်ဘာလ အတွင်း၌ ဆက်လက် ဈေးကျ နေကြောင်း ရွှေကုန်သည် များက ဆိုသည်။ သီတင်းကျွတ် အခါတော်နေ့ နီးကပ် လာသည်နှင့် အမျှ ပုံမှန် အရောင်းအဝယ် ကောင်းလေ့ ရှိသဖြင့် ရွှေဈေးကွက် လှုပ်ရှား နိုင်ရေး မျှော်လင့် ထားသော်လည်း ကျဈေးဖြင့်သာ ရင်ဆိုင် နေရကြောင်း ရွှေရတနာ အရောင်း ဆိုင်ရှင် တစ်ဦး
က ဆိုသည်။
စက်တင်ဘာ ၂ဝ ရက်အထိ အခေါက်ရွှေ တစ်ကျပ်သား ၆၄၉၅ဝဝ ကျပ်၊ အခေါက်ရွှေ အဆင့်- ၂ တစ်ကျပ်သား ၆၄၈၅ဝဝ ကျပ်၊ ဒင်္ဂါးရွှေ တစ်ကျပ်သား ၅၈၉ဝဝဝ ကျပ် ဝန်းကျင် ပေါက်ဈေးသာ ရှိကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေး မှာလည်း တစ်အောင်စ ဒေါ်လာ ၁၂ဝဝ ဝန်းကျင်ခန့် အထိ ဈေးကျသွားပြီး နိုင်ငံတကာ ရေးရာ အခြေအနေ များကြောင့် ဈေးတက်ရန် အလားအလာ မရှိဟု သိရသည်။
မြန်မာ့ ရွှေဈေးကွက် တွင်းသို့ တရုတ် နိုင်ငံမှ ရွှေအရိုင်းများ ဝင်ရောက် နေခြင်းကြောင့် လည်း ဈေးကွက်တွင် ဝယ်လိုအား နည်းပြီး ရောင်းလိုအား ပိုမို နေကြောင်း သိရသည်။
ရွှေဈေးကွက်တွင် ထူးခြားသော ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဘဲ ကျဈေးဖြင့် ကာလရှည် အရောင်း အဝယ် ဖြစ်နေပြီး လတ်တလော အခြေအနေ တွင် ရွှေထည် ဝယ်လို အားလည်း နည်းပါး နေသည်ဟု လက်ဝတ် ရတနာ အရောင်း ဆိုင်ရှင် တစ်ဦးက ပြောသည်။
စီးပွားရေး လုပ်ငန်းများ နှေးကွေး၍ လူထုအတွင်း ပိုလျှံဝင်ငွေ နည်းပါး နေခြင်းကြောင့် ရွှေဈေးကွက်မှာ အတန်ကြာ အရောင်းပါး နေရခြင်း ဖြစ်သည်ဟု သိရသည်။ ပြီးခဲ့သည့် ရက်များ အတွင်း၌ ရွှေအပေါင် လုပ်ငန်းများသာ တွင်ကျယ် ခဲ့ပြီး အရောင်း ကျဆင်းလျက် ရှိကြောင်း သိရသည်။
#Yadanarpondaily
https://www.facebook.com/myawadydaily?fref=ts

မြန်မာ့ရွှေဈေး ဆက်လက် ကျဆင်းနေမည်
Reviewed by သစ်ထူးလွင်
on
17:31
Rating: