ယူကရိန်းနိုင်ငံ အရေးမှာ ရုရှားအစိုးရ ဝင်ပါနေတာကို ဆန့်ကျင်တဲ့အနေနဲ့ မော်စကိုမြို့မှာ လူပေါင်း သောင်းနဲ့ချီ ဆန့်ကျင် ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဧပြီလကတည်းက ရုရှားကို ထောက်ခံတဲ့ ယူကရိန်းသူပုန်တွေနဲ့ ယူကရိန်းစစ်တပ်အကြား ပဋိပက္ခတွေ ဖြစ်ပြီးနောက် ဒါဟာ ရုရှား ပြည်သူတွေက ရုရှားအစိုးရကို ပထမဆုံးအကြိမ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုကြီး ဖြစ်ပါတယ်။
ဒီပဋိပက္ခအတွင်း ရုရှားက ယူကရိန်း သူပုန်တွေကို ထောက်ပံ့တယ် ဆိုပြီး ယူကရိန်း အရေးမှာ မပါဝင်ဖို့ တောင်းဆိုကြတာပါ။
ဆန္ဒပြမှုကို စီစဉ်သူတွေကတော့ လူအယောက်ပေါင်း ၅၀၀၀၀ (ငါးသန်း) လောက် ဆန္ဒပြမှုမှာ ပါဝင်တယ်လို့ ပြောဆိုခဲ့ပေမယ့် ရုရှားရဲတွေကတော့ လူပေါင်း ၅၀၀၀ (ငါးထောင်) လောက်သာ ပါဝင်တယ်လို့ ဆိုပါတယ်။
ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာတိုင်း ဆန္ဒပြ ဦးရေကို ရုရှားရဲတွေက အမြဲတမ်း အတွက်နည်းလေ့ရှိပြီး ဆန္ဒပြတဲ့အကြောင်းကိုလည်း ရုပ်မြင်သံကြားမှာ ဖော်ပြလေ့မရှိပါဘူး။
စစ်ကို လိုလားနေတဲ့ ရုရှားသမ္မတကို စစ်ထဲမှာ မပါဝင်ဖို့ ပြောဆိုနိုင်တဲ့ လူက ရုရှား ပြည်သူတွေသာ ဖြစ်တဲ့အတွက် ရုရှား သမ္မတကို စစ်ပွဲမှာ မပါဝင်အောင် ပြည်သူတွေ များများ ပြောဆိုကြဖို့ လိုတယ်လို့ ဆန္ဒပြ ခေါင်းဆောင် Boris Nemtsov က ပြောပါတယ်။
အဲဒီလို အလားတူ ဆန္ဒပြမှုမျိုး St Petersburg မြို့နဲ့ တခြား မြို့တွေမှာလည်း ဖြစ်ပွားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ဖြစ်ပွားတဲ့ စစ်ကြောင့် လူပေါင်း ၃၀၀၀ လောက် သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-22/1370739

![]() |
ယူကရိန်းအရေးမှာ မပါဝင်ကြဖို့ ရုရှားပြည်သူတွေ ဆန္ဒပြပြီး ရုရှားသမ္မတကို တောင်းဆို (Credit: AFP) |
ယူကရိန်းအရေးမှာ ရုရှားပါဝင်တဲ့အပေါ် ရုရှားပြည်သူတွေဆန့်ကျင်
Reviewed by သစ်ထူးလွင်
on
07:43
Rating: