သင်္ဃန်းကျွန်းမြို့နယ်တွင် အမည်မသိ အမျိုးသမီး တစ်ဦး ယာဉ်တိုက်ခံရ သဖြင့် သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃

၂.၉.၂၀၁၄ ရက်နေ့ ၀၅၃၀ အချိန် သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်အပိုင်း (၃)ရပ်ကွက်၊ ရတနာလမ်းအတိုင်း ရန်ကင်းမြို့နယ်ဘက်မှ သင်္ဃကျွန်းမြို့နယ်ဘက်သို့ ယာဉ်အမှတ်/အမျိုးအစား/ ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်လာသည့် ယာဉ်သည် ကားရေဆေးဆီထိုးဆိုင်အနီးတွင် လမ်းဖြတ်ကူးသူ အမည်မသိ အသက်(၂၅)နှစ်ခန့်ရှိအမျိုးသမီး(အ၀ါစင်းကြားတီရှပ်အင်္ကျီနှင့် အစိမ်းနုရောင် ထမီတို့ဝတ်ဆင်ထားသူ)အားတိုက်မိခဲ့ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ၎င်းအမျိုးသမီးမှာ ဦးခေါင်း၊ မေးစေ့နှင့်ကျောတို့တွင်ဖူးရောင် စုတ်ပြဲ ဒဏ်ရာ များနှင့် နှာခေါင်း သွေးထွက်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပါသည်။

ယာဉ်သို့ ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်း ယာဉ်(ပ)၃၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


သင်္ဃန်းကျွန်းမြို့နယ်တွင် အမည်မသိ အမျိုးသမီး တစ်ဦး ယာဉ်တိုက်ခံရ သဖြင့် သေဆုံး သင်္ဃန်းကျွန်းမြို့နယ်တွင် အမည်မသိ အမျိုးသမီး တစ်ဦး ယာဉ်တိုက်ခံရ သဖြင့် သေဆုံး Reviewed by သစ်ထူးလွင် on 16:51 Rating: 5
Powered by Blogger.