ကလေးချင်း ထိမ်းမြားပေးမှု မိဘတွေကို ဖမ်းဆီး

အာဖဂန် နစ္စတန် နိုင်ငံ မြောက်ပိုင်းမှာ အရွယ် မရောက်သေးတဲ့ ကလေး နှစ်ယောက်ကို ထိမ်းမြားပေးဖို့ စီစဉ်တယ်လို့ စွပ်စွဲခံရတဲ့ မိဘတွေကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

မင်္ဂ္လာ အခမ်းအနား ပြုလုပ်စဉ်မှာ မိန်းကလေး ဖြစ်သူက အသက် ၈ နှစ်သာ ရှိသေးပြီး ယောကျာ်းလေးက အသက် ၁၂ နှစ်သာ ရှိကြပါသေးတယ်။

မိန်းကလေးရဲ့ ဖခင်ဖြစ်သူ Balkh ပြည်နယ်သား မုဆိုးဖိုဟာ ဒီမင်္ဂ္လာပွဲကို ယောကျာ်းလေးဘက်က မင်္ဂ္လာကြေး တင်တောင်းငွေကို ရလိုတဲ့ အတွက် စီစဉ်တာလို့ ပြောကြပါတယ်။

အာဖဂန် နစ္စတန်မှာ အရွယ်မတိုင်မီ လက်ထပ် ထိမ်းမြားမှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။

ဒီကိစ္စကို ကာကွယ် တားဆီးရေး ဆောင်ရွက်ဖို့ အာဏာပိုင်တွေဘက်က ပျက်ကွက်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက စွပ်စွဲပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/09/140902_afghan_child_marriage.shtml

အာဖဂန်မှာ အရွယ်မတိုင်မီ ထိမ်းမြားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေ

ကလေးချင်း ထိမ်းမြားပေးမှု မိဘတွေကို ဖမ်းဆီး ကလေးချင်း ထိမ်းမြားပေးမှု မိဘတွေကို ဖမ်းဆီး Reviewed by သစ်ထူးလွင် on 21:28 Rating: 5
Powered by Blogger.