ပြန်ပေးဆွဲခံရသူ ပြင်သစ်နိုင်ငံသားကို သတ်ပစ်ပြီ

အယ်လ်ဂျီးရီးယားနိုင်ငံက ​အကြမ်းဖက်သမားတွေ ​ဖမ်းဆီးခံထားရတဲ့ ​ပြင်သစ်နိုင်ငံသားဟာ ​အခုအခါမှာ ​ခေါင်းဖြတ်သတ် ​ခံလိုက်ရပြီ ​ဖြစ်ပါတယ်။

ပြင်သစ်သမ္မတ ​Francois ​Hollande ​ကလည်း ​အသက် ​၅၅ ​နှစ်အရွယ် ​Herve ​Gourdel ​အသတ်ခံလိုက်ရတဲ့အကြောင်းကို ​အတည်ပြု ​ခဲ့ပါတယ်။

ဒါဟာ ​ရက်စက်လွန်းပြီး ​သူရဲဘောကြောင်တဲ့ ​လူတွေရဲ့ ​လုပ် ​ရပ် ​ဖြစ်တယ် ​လို့လည်း ​ပြင်သစ် ​သမ္မတက ​ပြောပါတယ်။

အယ်လ်ဂျီးရီးယား ​​(Algeria) ​​နိုင်ငံအခြေစိုက် ​​စစ်သွေးကြွအဖွဲ့တစ်ခုက ​အဆိုပါ ​​ပြင်သစ်နိုင်ငံသားကို ​​တနင်္ဂနွေနေ့တုန်းက ​ဖမ်းဆီးထားပြီး ​​အီရတ်နိုင်ငံက ​​ISIS ​​စစ်သွေးကြွတွေအပေါ် ​​ဝေဟင်တိုက်ခိုက်မှု ​​လုပ်တာကို ​​ပြင်သစ်က ​​မရပ်ဆိုင်းရင် ​​အဲဒီပြင်သစ်နိုင်ငံသားကို ​​လည်လှီးသတ်ဖြတ်မယ်လို့ ​​ခြိမ်းခြောက် ​​ထားပါတယ်။

သူတို့ရဲ့ ​တောင်းဆိုချက်တွေ ​မရရှိတဲ့နောက်ပိုင်း ​အဆိုပါ ​ပြင်သစ်နိုင်ငံသားကို ​သတ်ပစ်လိုက်တာပါ။

IS ​အစ္စလာမ်မစ်စစ်သွေးကြွတွေဟာ ​မကြာသေးခင်ကာလမှာပဲ ​အနောက်တိုင်းသား ​သုံးဦးကို ​လည်လှီးသတ်ဖြတ်မှုတွေ ​လုပ်ခဲ့ပြီး ​ပြီးခဲ့တဲ့ ​နှစ်တုန်းက ​ဆီးရီးယားမှာ ​ဖမ်းမိထားတဲ့ ​ဗြိတိန်နိုင်ငံသား ​နောက်တစ်ဦးကိုလည်း ​သတ်ပစ်မယ်လို့ ​ခြိမ်းခြောက်ထားကြောင်း ​အေဘီစီ ​သတင်းထောက် ​Barbara ​Miller ​က ​လန်ဒန်မြို့ကနေ ​သတင်းပေးပို့ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-25/1372171

လည်လှီးသတ်ဖြတ်ခံရသူ ပြင်သစ်နိုင်ငံသား Herve Gourdel (Credit: AFP) 

ပြန်ပေးဆွဲခံရသူ ပြင်သစ်နိုင်ငံသားကို သတ်ပစ်ပြီ ပြန်ပေးဆွဲခံရသူ ပြင်သစ်နိုင်ငံသားကို သတ်ပစ်ပြီ Reviewed by သစ်ထူးလွင် on 08:59 Rating: 5
Powered by Blogger.