ငွေဆောင် စက်တင်ဘာ ၂၂
ငွေဆောင်မြို့EMERAL SEA HOTEL ၌ စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ရောက်ရှိ တည်းခိုသော ဗီဒီယို ရိုက်ကူးရေး အဖွဲ့တစ်ဖွဲ့မှ မိတ်ကပ်ပညာရှင် ကျော်နိုင်ဦး(ခ) ဖြူစင်နှင့် လူမွန်ဝင်းမောင်(ခ) ငယ်ငယ်တို့သည် ညနေ ၄ နာရီက ရေဆင်းကူးရာ နှစ်ဦးစလုံး ပင်လယ် အတွင်းသို့ ပါရှိနစ်မြုပ်ခဲ့ပြီး ညနေ ၅ နာရီခွဲတွင် ကျော်နိုင်ဦး(ခ)ဖြူစင် (၃ဝ နှစ်)အောက်ကြည့်မြင်တိုင် ရန်ကုန်မြို့နေသူအား သေဆုံး လျက် ပြန်လည်တွေ့ရှိရပြီး လူမွန် ဝင်းမောင်(ခ) ငယ်ငယ် (၂၆ နှစ်) ရွှေအုန်းပင်အိမ်ရာ ရန်ကင်းမြို့နယ် ရန်ကုန်မြို့နေသူ၏ အလောင်းကို စက်တင်ဘာ ၂၂ ရက် နေ့လယ် တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ မိတ်ကပ်ပညာရှင်နှစ်ဦးသည် သီချင်းဗီဒီယိုရိုက်ကူးရေး အတွက် ငွေဆောင်ကမ်းခြေတွင် လာရောက်ရိုက်ကူးသောအဖွဲ့မှဖြစ်ပြီး ထိုသေဆုံးမှုအတွက် ငွေဆောင်မြို့ ရဲစခန်းမှ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ်သိရှိနိုင်ရန် အရေးယူစစ်ဆေး လျက်ရှိကြောင်း သိရသည်။
မူမူ(iprd)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မိတ်ကပ်ပညာရှင်နှစ်ဦး ငွေဆောင်ကမ်းခြေတွင် ရေနစ်သေဆုံး
Reviewed by သစ်ထူးလွင်
on
16:23
Rating: