စကော့တလန် ဗြိတိန်ထဲဆက်နေမည်

နှစ်ပေါင်း ၃၀၀ ကျော် ဗြိတိန်နိုင်ငံနဲ့ ပူးတွဲတည်ရှိလာတဲ့ စကော့တလန်နယ်ကို သီးခြားခွဲမထွက်ဘဲ ဒီအတိုင်း ဆက်နေသွားမယ် လို့ သမိုင်းဝင် လူထုဆန္ဒ ခံယူပွဲကနေ မဲပေး ဆုံးဖြတ်လိုက်ကြပါတယ်။ စကော့တလန် မဲဆန္ဒနယ် ၃၂ ခုက မဲတွေကို ရေတွက်ပြီးတဲ့နောက် ဗြိတိန်နဲ့အတူတွဲပြီး ဆက်နေချင်တဲ့မဲအရေအတွက် ၅၅.၃% နဲ့ ခွဲထွက်ချင်တဲ့ မဲအရေအတွက် ၄၄.၇% အသီးသီးရတာကြောင့် နဂိုခန့်မှန်းထားတာထက် ကွာခြားချက်ပိုများပါတယ်။

မဲဆန္ဒရှင်တွေရဲ့ အဲဒီ သမိုင်းဝင်ဆုံးဖြတ်ချက်ကြောင့် အီဒင်ဘာ့ဂ်မြို့တော်မှာ ၀မ်းမြောက်ဝမ်းသာ အောင်ပွဲခံကြပါတယ်။ အရေးနိမ့်သွားတယ် ဆိုတာကို လက်ခံပြောကြားတဲ့ မိန့်ခွန်းမှာ စကော့ အမျိုးသားဝါဒီခေါင်းဆောင် Alex Salmond က လွတ်လပ် ရေးကို ထောက်ခံသူတွေအနေနဲ့ မဲရလာဒ်ကို လက်ခံဖို့ တိုက်တွန်းပြီး လွတ်လပ်ရေးလှုပ်ရှားမှု ပြီးမသွားသေးဘူးဆိုတာကိုလည်း အရိပ်အမြွက် ထည့်ပြောသွားပါတယ်။

အခုဆိုရင် စကော့တလန် လွတ်လပ်ရေးကိစ္စ ဖြေရှင်းပြီးသွားပြီမို့ အခွန်အကောက်နဲ့ လူမှုဖူလုံရေး အသုံးစရိတ်ကိစ္စတွေအပါ အ၀င် လုပ်ပိုင်ခွင့်အာဏာအသစ်တွေ စကော့တလန်ကို ပိုပေးရေး ကတိက၀တ်ကို ဗြိတိန်နိုင်ငံက လိုက်နာ အကောင်အထည် ဖော်သွားမယ်လို့ ၀န်ကြီးချုပ် ဒေးဗစ် ကမ်မ်ရွန်းက ပြောပါတယ်။
အဲဒီလုပ်ပိုင်ခွင့်အသစ်တွေကို အင်္ဂလန်၊ ဝေးလ်စ်နဲ့ မြောက်ပိုင်း အိုင်ယာလန်နိုင်ငံတွေကို လည်း ပေးသွားမယ်လို့ မစ္စတာကမ်မ်ရွန်း က ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com/content/scotland-stays-in-uk/2455363.html


စကော့တလန် ဗြိတိန်ထဲဆက်နေမည် စကော့တလန် ဗြိတိန်ထဲဆက်နေမည် Reviewed by သစ်ထူးလွင် on 20:54 Rating: 5
Powered by Blogger.