လူဦးရေနည်းတာ မွေးဖွားနှုန်း ကျပြီး သေနှုန်း မြင့်မားမှုကြောင့်ဟုဆို

၁၉၈၃ ခုနှစ်က ကောက်ခံထားတဲ့ လူဦးရေစာရင်းကို အခြေခံပြီး မြန်မာနိုင်ငံ လူဦးရေကို သန်း ၆၀ ခန့်မှန်းထားရာကနေ တကယ် စာရင်းကောက်တဲ့အခါ ၅၁ သန်းကျော်ပဲ ရှိနေရတာဟာ မြန်မာနိုင်ငံသားတွေ မွေးဖွားနှုန်း ကျဆင်းတာနဲ့ သေနှုန်း မြင့်တက်လာတွေကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ လူဦးရေနဲ့ ရန်ပုံငွေအဖွဲ့ (ယူအန်အက်ဖ်ပီအေ)ရဲ့ အထူးအကြံပေး မစ္စတာ ဖရန့်ဒရစ် အုတ်ဝယို (Mr. Fredrick Okwayo)က ပြောပါတယ်။
စက်တင်ဘာလ ၂ ရက်နေ့က ယူအန်အက်ဖ်ပီအေ ရုံးခန်းမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံရဲ့ ကလေးမွေးဖွားနှုန်းဟာ ၃ ဒသမ ၄ ရှိပေမယ့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူချိန်မှာတော့ ၂ ဒသမ ၁ ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ပိုပြီး ဆင်းရဲလာတဲ့အတွက် သေဆုံးတဲ့နှုန်းလည်း မြင့်တက်လာတယ်လို့ သူက သတင်းထောက်တွေကို ရှင်းပြပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/64143

ဓာတ်ပုံ – ကုလသမဂ္ဂ လူဦးရေနဲ့ ရန်ပုံငွေအဖွဲ့

လူဦးရေနည်းတာ မွေးဖွားနှုန်း ကျပြီး သေနှုန်း မြင့်မားမှုကြောင့်ဟုဆို လူဦးရေနည်းတာ မွေးဖွားနှုန်း ကျပြီး သေနှုန်း မြင့်မားမှုကြောင့်ဟုဆို Reviewed by သစ်ထူးလွင် on 16:50 Rating: 5
Powered by Blogger.