အရက်အတူသောက်ရင်း စကားများရန်ဖြစ်ခဲ့သည်ကို မကျေမနပ်ဖြစ်ကာ တူဖြစ်သူမှ ဓါးဖြင့်ခုတ်ခဲ့၍ ဦးလေးဖြစ်သူ သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၆
၅.၉.၂၀၁၄ ရက်နေ့တွင် ခရမ်းမြို့နယ်၊ ရွှေဘိုစုကျေးရွာ၌ တူဖြစ်သူမှ ဦးလေးဖြစ်သူအား ဓါးမဖြင့် ခုတ်ခဲ့၍ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်းတွင် ရွှေဘိုစုကျေးရွာနေ ဦးမောင်ငယ် (၅၀)နှစ်နှင့် တစ်ခြံတည်းနေ တူဖြစ်သူ ကျော်ဇင် (၃၅)နှစ်တို့သည် အရက်အတူသောက်ရင်း စကားများရန်ဖြစ်ခဲ့ကြကြောင်း၊ ၁၂၁၅ အချိန်တွင် ကျော်ဇင်မှာ အရက်မူးယစ်၍နေအိမ်သို့ပြန်လည်ရောက်ရှိလာပြီး ဦးမောင်ငယ်နှင့် စကားများခဲ့သည်ကိုမကျေမနပ်ဖြစ်ကာ တစ်ခြံတည်းနေ အဒေါ်ဖြစ်သူ၏နေအိမ်ပေါ်၌ အိပ်ပျော်နေသော ဦးမောင်ငယ်အား ဓါးမဖြင့် ခုတ်ခဲ့သဖြင့် ဝဲဘက်ခြေတံကောက်ကွေးတွင် ပြတ်ရှဒဏ်ရာ(၃)ချက်ရရှိ ခဲ့ကြောင်းနှင့် ဦးမောင်ငယ်အား ခရမ်းဆေးရုံသို့ပို့ဆောင်စဉ် သွေးထွက်လွန်၍ လမ်း၌သေဆုံး သွားခဲ့ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ကျော်ဇင်အား အရေးယူပေးရန် သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးမောင်ကြီး မှတိုင်တန်းချက်အရ ခရမ်းမြို့မရဲစခန်း (ပ)၂၀၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

ခရမ်းမြို့နယ်မှာ အရက်အတူသောက်ရင်း တူဖြစ်သူမှ ဓါးဖြင့်ခုတ်ခဲ့၍ ဦးလေးဖြစ်သူ သေဆုံး
Reviewed by သစ်ထူးလွင်
on
16:47
Rating: