ရန်ကုန်တိုင်း အတွင်းက မြို့နယ်ပေါင်း ၁၂ မြို့နယ်အတွင်းရှိ ကျောင်းပေါင်း ၄၁ ကျောင်း က ကျောင်းသက်သာ ချောင်ချိရေး ဆိုင်ခန်း ၄၇၂၂ ခန်းကို လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား ဖျက်သိမ်းရမယ်လို့ အမှတ် ၃ အခြေခံ ပညာ ဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
အမှတ် ၃ အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အခြေခံပ ညာ ကျောင်း/ရုံးတွေ မှာ ကျောင်းပိုင်မြေအတွင်း ငှားရမ်းထားတဲ့ သက်သာဆိုင်ခန်းတွေ ဟာ ကျောင်းဥပဓိရုပ်ကို ပျက် စီးစေခြင်း၊ ကျောင်း ပတ်ဝန်းကျင် ညစ်ညမ်း မှုကို ဖြစ်ပေါ်စေတာကြောင့် ဆက်လက်မထားဖို့ လမ်းညွှန်ထားတယ်လို့ ဆိုပါတယ်။
ဆိုင်ခန်းတွေ ဖျက်သိမ်းဖို့ ညွှန်ကြားချက်ကို အမှတ် ၃ အခြေခံပညာဦးစီးဌာနက ဇူလိုင် ၂၅ ကတည်းက ကြိုတင် အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/65837

ကျောင်းသက်သာချောင်ချိရေး ဆိုင်ခန်း ၅ ထောင်ခန့် ဖျက်သိမ်းရန် အမိန့်ထုတ်
Reviewed by သစ်ထူးလွင်
on
09:14
Rating: