ဂျီဟတ် အစွန်းရောက်လှုပ်ရှားမှု အိန္ဒိယနိုင်ငံထဲမှာ ဖွင့်လှစ်

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့မှာ ဂျီဟတ် မွတ်စလင် အစွန်းရောက်လှုပ်ရှားမှုကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့ ဌာနခွဲတစ်ခုကို အိန္ဒိယနိုင်ငံထဲမှာ အသစ်ဖွင့်လှစ်ထားပြီလို့ အယ်လ်-ကိုင်အီးဒါး အကြမ်းဖက်အဖွဲ့ခေါင်းဆောင် Al-Zawahiri က ကြေညာလိုက်ပါတယ်။

အယ်လ်-ကိုင်အီးဒါး အင်အားစုတွေဟာ လောလောဆယ်မှာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတို့မှာ အဓိကလှုပ်ရှားနေကြတာဖြစ်ပြီး အခု သူပြောသွားတဲ့အင်အားစုက အိန္ဒိယတိုက်ငယ်တလွှားမှာရှိတဲ့ မွတ်စလင်တွေကို တစုတပေါင်းတည်းဖြစ်အောင် တိုက်ပွဲဝင်သွားမယ်လို့ပြောပါတယ်။

အိန္ဒိယနိုင်ငံ အာသံ၊ ဂူဂျရတ်နဲ့ ကက်ရှ်မီယာပြည်နယ်တို့အပြင် မြန်မာပြည်အနောက်ဖက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကို အဓိကပစ်မှတ်ထားပြီး လှုပ်ရှားသွားမယ်လို့လည်းဆိုပါတယ်။

Al-Zawahiri ဟာ အယ်လ်-ကိုင်အီးဒါး အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် သေဆုံးသွားပြီးတဲ့နောက် ခေါင်းဆောင်ဖြစ်လာခဲ့ပြီး သူ့ကိုဖမ်းမိအောင် သတင်းပေးနိုင်သူကို အမေရိကန်အစိုးရက ဒေါ်လာ ၂၅ သန်းချီးမြှင့်မယ်လို့ ဝရမ်းထုတ်ပြန်ထားသူလည်းဖြစ်ပါတယ်။

၅၅-မိနစ်ရှည်ကြာတဲ့ ဗီဒီယိုထဲမှာ မိန့်ခွန်းပြောပြီး ဂျီဟတ် အင်တာနက်စာမျက်နှာတွေမှာ တင်ပြထားတာကို အကြမ်းဖက်အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကိုရှာဖွေထောက်လှမ်းနေတဲ့ SITE အဖွဲ့က တွေ့ရှိ သတင်းထုတ်ပြန်လိုက်တာပါ။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127

Al-Zawahiri

ဂျီဟတ် အစွန်းရောက်လှုပ်ရှားမှု အိန္ဒိယနိုင်ငံထဲမှာ ဖွင့်လှစ် ဂျီဟတ် အစွန်းရောက်လှုပ်ရှားမှု အိန္ဒိယနိုင်ငံထဲမှာ ဖွင့်လှစ် Reviewed by သစ်ထူးလွင် on 14:31 Rating: 5
Powered by Blogger.