Apple iPhone 6+ တွေကို ထုတ်ခဲ့ပြီး ရက်သတ္တပတ် ၂ ပတ် မရှိသေးခင်မှာ iPhone 6+ ဖုန်းတွေ ဂျင်းဘောင်းဘီထဲ ထည့်ထိုင်မိရင် ကွေးညွတ်သွားတဲ့ ပြဿနာကို ဖုန်းဝယ်ယူ သုံးစွဲသူတွေ မကြာခင်က တွေ့ရှိခဲ့ကြပါတယ်။
ဒီပြဿနာကို အင်တာနက်လူမှုကွန်ရက်တွေမှာ လူပြောများနေပြီး လွန်ခဲ့တဲ့ ၂၀၁၀ iPhone 4 တွေ ထွက်တုန်းကလည်း ဖုန်းပြောရင်း လိုင်းကျတဲ့ အင်တင်နာပြဿနာတက်ခဲ့ပါသေးတယ်။
iPhone6အီလက်ထရွန်နစ်နဲ့ နည်းပညာ စီအန်အီးတီ ၀က်ဘ်ဆိုက်ကြီးရဲ့ ၀ါရင့်ဆောင်းပါးရှင် ရှာရာ တီဘ်ကမ် (Shara Tibken) က ဖုန်းကို ပေါ့ပေါ့ပါးပါးထုတ်ချင်တာကနေ ဖြစ်လာတဲ့ပြဿနာလို့ ဆိုပါတယ်။
“လူတွေက ဖုန်းတွေကို ပေါ့ပေါ့ပါးပါး ကိုင်ချင်ကြတယ်။ ဒါကြောင့် တဖက်မှာ အဲဒါအတွက် ပေးရတာပါပဲလို့ သုံးသပ်ပါတယ်။ တကယ်တော့ Apple က သုံးတဲ့ပစ္စည်းတွေက အကောင်းဆုံးတွေပါ။ ဒါပေမယ့် ပြဿနာက အဲ့လိုဖြစ်ရင်၊ Screen နဲ့ အထဲက အစိတ်အပိုင်းတွေမှာ ပြဿနာရှိလာနိုင်တယ်လို့ သူက ဆိုပါတယ်။ လောလောဆယ်အထိတော့ သုံးလို့ ရနေပါသေးတယ်။ ဒီပြဿနာ ဘယ်လိုဖြစ်လာမလဲ စောင့်ကြည့်ရမှာပါ။”
ဒီဖုန်းခွံအတွက် အလူမီနီယံအပေါ့စားကို သုံးထားပြီး ထင်တာထက် ကွေးညွတ်တယ်၊ ဒီဇိုင်း အားနည်းချက်လည်း ဖြစ်နိုင်တယ်လို့ နည်းပညာသုံးသပ်သူတွေက ဆိုပါတယ်။
ဒီ iPhone 6+ ကွေးညွတ်တဲ့ youtube ဗွီဒီယိုကို အင်တာနက်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က တင်ခဲ့ပြီး ဒီနေ့အထိ ကြည့်ရှုသူ ၁၁ သန်းကျော်ခဲ့ပါတယ်။
Apple ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ တုန့်ပြန်ပြောဆိုတာ မရှိသေးပါဘူး။ ရှာရာ တီဘ်ကမ်ကတော့ ဒီ iPhone တွေဟာ ဈေးအတော်ကြီးပြီး အမေရိကန်မှာဆို ဖုန်းကန်ထရိုက် အနည်းဆုံး ၂ နှစ်အထိ သုံးရမှာမို့ ဒါပြဿနာရှိနိုင်တယ်လို့ ပြောဆိုပါတယ်။
များသောအားဖြင့် ဖုန်းတွေကို ဘောင်းဘီအိတ်ထဲ ထည့်ကြတော့ ကွေးသွားညွတ်သွားရင် ဒါဟာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးလို့ သုံးစွဲသူတွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့အထိ iPhone 6 နဲ့ iPhone 6+ အလုံးရေ ၁၀ သန်း ရောင်းချပြီးပြီလို့ ပြောဆိုပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no/archives/65935
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

Apple iPhone 6+ ကွေးညွတ်သွားသည့်ပြဿနာ သုံးစွဲသူများ ကြုံတွေ့
Reviewed by သစ်ထူးလွင်
on
10:22
Rating: