Algeria ရောက် ပြင်သစ်တစ်ဦးကို ISIS ဖမ်းဆီးထား


အယ်လ်ဂျီးရီးယား ​(Algeria) ​နိုင်ငံအခြေစိုက် ​စစ်သွေးကြွအဖွဲ့တစ်ခုက ​ပြင်သစ်နိုင်ငံသား ​တစ်ဦးကို ​ဖမ်းဆီးထားပြီး ​အီရတ်နိုင်ငံက ​ISIS ​စစ်သွေးကြွတွေအပေါ် ​ဝေဟင်တိုက်ခိုက်မှု ​လုပ်တာကို ​ပြင်သစ်က ​မရပ်ဆိုင်းရင် ​အဲဒီပြင်သစ်နိုင်ငံသားကို ​လည်လှီးသတ်ဖြတ်မယ်လို့ ​ခြိမ်းခြောက် ​ထားပါတယ်။

Al ​Qaeda ​တပ်ဖွဲ့တွေ ​လှုပ်ရှားမှုများတဲ့ ​အယ်လ် ​ဂျီး ​ရီး ​ယား ​နိုင်ငံက ​တောတောင် ​ထူထပ်တဲ့ ​ဒေသမှာ ​အဲဒီ ​ပြင်သစ် ​နိုင်ငံသားကို ​ပြီးခဲ့တဲ့ ​တနင်္ဂနွေနေ့က ​ဖမ်းဆီးခဲ့တာကို ​အဆိုပါအဖွဲ့က ​ပြောပါတယ်။

တနင်္လာနေ့မှာ ​ထွက်ပေါ်လာတဲ့ ​YouTube ​ဗီဒီယိုမှာတော့ ​ပြင်သစ်နိုင်ငံသား ​Herve ​Pierre ​Gourdel ​ကို ​ထိုင်လျက်တွေ့ရပြီး ​ဘေးမှာတော့ ​မျက်နှာအုပ်ထားတဲ့ ​လက်နက်ကိုင်ဆောင်သူ ​နှစ်ဦး ​ရှိနေတာကို ​တွေ့ခဲ့ရပါတယ်။

အဲဒီ ​ဗီဒီယိုထဲမှာ ​ဖမ်းဆီးခံရတဲ့ ​ပြင်သစ်နိုင်ငံသားက ​Jund ​al-Khilifa ​ဆိုတဲ့ ​တပ်ဖွဲ့ရဲ့ ​ထိန်းသိမ်းမှုကို ​ခံနေရတဲ့အကြောင်း၊ ​အီရတ်အရေးမှာ ​ပြင်သစ်အနေနဲ့ ​ဝင်မပါဖို့ ​ပြောပေးဖို့ ​အကြမ်းဖက်အဖွဲ့တွေက ​ပြောခိုင်းတဲ့အကြောင်း၊ ​သူ့ကို ​ဓားစာခံ ​တစ်ဦးအနေနဲ့ ​ထိန်းသိမ်းထားတာ ​ဖြစ်တဲ့အတွက် ​သူအသက်ရှင် ​လွတ်မြောက်ရေးအတွက် ​အတတ်နိုင်ဆုံး ​လုပ်ဆောင်ပေးဖို့နဲ့ ​ကျေးဇူးတင်ကြောင်း ​ဖမ်းဆီးခံရသူ ​Herve ​Pierre ​Gourdel ​က ​ပြောပါတယ်။

Mr ​Gourdel ​က ​သူ့နာမည် ​အပြည့်အစုံ၊ ​မွေးနေ့ ​သက္ကရာဇ် ​တွေကိုပါ ​အပြည့်အစုံ ​ပြောပြထားပြီး ​သူက ​အယ်လ်ဂျီးရီးယား ​နိုင်ငံကို ​စက်တင်ဘာလ ​၂၀ ​ရက်နေ့မှာ ​ရောက်ရှိပြီး ​၂၁ ​ရက်နေ့မှာ ​ဖမ်းဆီးခံလိုက်ရတာလို့ ​ပြောပါတယ်။

အဲဒီ ​ဗီဒီယိုက ​စစ်မှန်ကြောင်းလည်း ​ပြင်သစ်အစိုးရက ​အတည်ပြုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-23/1371227

ပြင်သစ်နိုင်ငံသား Herve Pierre Gourdelကို စစ်သွေးကြွနှစ်ဦးက ဖမ်းဆီးထား (Credit: AFP) 

Algeria ရောက် ပြင်သစ်တစ်ဦးကို ISIS ဖမ်းဆီးထား Algeria ရောက် ပြင်သစ်တစ်ဦးကို ISIS ဖမ်းဆီးထား Reviewed by သစ်ထူးလွင် on 09:04 Rating: 5
Powered by Blogger.