ချယ်ရီဦးကုမ္ပဏီက တင်သွင်းသော Alexandre Christie နာရီအလုံး ၂၅၀၀ကျော် Mobile Team က ယာယီသိမ်းဆည်း

ချယ်ရီဦးကုမ္ပဏီ ထုတ်လုပ်သည့် နိုင်ငံ (Made-In) ရိုတ်နှိပ်ထားခြင်း မပါရှိသော Alexandre Christie တံဆိပ်နာရီ အလုံးပေါင်း ၂၅၂၈လုံးကို Mobile Team က စစ်ဆေးရေး အတွက် ယခုလ ဒုတိယပတ်က ယာယီ သိမ်းဆည်း ခဲ့ကြောင်း သတင်းရရှိသည်။

စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိချက်များကို စစ်ဆေးရေး ဗဟိုကော်မတီ ဥက္ကဌထံသို့ တင်ပြထားပြီး ဖြစ်ကြောင်း စီးပွား/ကူးသန်း ၀န်ကြီးဌာနမှ သိရသည်။ ယင်းအပြင် သက်ဆိုင်ရာ ဌာနများသို့လည်း စစ်ဆေး နိုင်ရန်အတွက် တင်ပြထားပြီး ဖြစ်ကြောင်း Mobile Team မှ တာဝန်ကျ အရာရှိတဦးက ပြောသည်။

စက်တင်ဘာ ၃ ရက်နေ့ကလည်း ချယ်ရီဦးကုမ္ဗဏီက တင်သွင်းသည့် Romanson နာရီအလုံး ၉၀၀ ကျော်ကို Mobile Team ၏ စစ်ဆေးခြင်း မပြီးဆုံးသေးခင် အကောက်ခွန် စစ်ဆေးရေး အဖွဲ့ဝင်တဦးက ထုတ်ယူခွင့်ပြုခဲ့ရာ ယင်းကိစ္စအားလည်း ပြည်ထဲရေးနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

မြတ်ထွဋ်ကျော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf


ချယ်ရီဦးကုမ္ပဏီက တင်သွင်းသော Alexandre Christie နာရီအလုံး ၂၅၀၀ကျော် Mobile Team က ယာယီသိမ်းဆည်း ချယ်ရီဦးကုမ္ပဏီက တင်သွင်းသော Alexandre Christie နာရီအလုံး ၂၅၀၀ကျော် Mobile Team က ယာယီသိမ်းဆည်း Reviewed by သစ်ထူးလွင် on 19:41 Rating: 5
Powered by Blogger.