Al-Qaeda ရန်ကြောင့် ရွှေတိဂုံလို နေရာမှာ လုံခြုံရေးတိုးချဲ့

မြန်မာနိုင်ငံမှာ ​Al-Qaeda ​အဖွဲ့ရဲ့ ​အကြမ်းဖက်မှု ​ခံရနိုင်တဲ့အတွက် ​ရန်ကုန်မြို့နဲ့ ​အနီးတဝိုက်မှာ ​လုံခြုံရေး ​တိုးချဲ့ချထားကြောင်း ​သိရပါတယ်။

အထူးသဖြင့် ​ရွှေတိဂုံလို ​အထင်ကရ ​ဘာသာရေး ​အဆောက်အဦးတွေမှာ ​လုံခြုံရေး ​တင်းကြပ်ထားကြောင်း ​ရန်ကုန်တိုင်းနယ်စပ်ရေးရာနဲ့ ​လုံခြုံရေးဝန်ကြီးဌာနက ​ပြောပါတယ်။

ကင်းလှည့်မှုတွေ ​ပိုမိုလုပ်ဆောင်ထားသလို၊ ​အဝင်အဝတွေမှာလည်း ​စစ်ဆေးမှုတွေ ​လုပ်နေပြီး ​CCTV ​ကင်မရာကနေတဆင့် ​ခါတိုင်းထက် ​ပုံမှန် ​ကြည့်ရှု ​စစ်ဆေးမှုတွေ ​လုပ်ထားတယ်လို့ ​ဆိုပါတယ်။

သင်္ကာမကင်းမှုတွေ ​တွေ့ခဲ့ရင်လည်း ​အကြောင်းကြားဖို့ ​ညွန်ကြားထားပါတယ်။

မကြာသေးခင်တုန်းကပဲ ​Al-Qaeda ​ခေါင်းဆောင်က ​မြန်မာ၊ ​ဘင်္ဂလားဒေ့ရှ်နဲ့ ​အိန္ဒိယလို ​နိုင်ငံမျိုးမှာ ​လှုပ်ရှားမှုတွေ ​တိုးချဲ့ ​လုပ်ဆောင် ​သွားမယ်လို့ ​ပြောခဲ့ပါတယ်။

Al-Qaeda ​အဖွဲ့ ​ခေါင်းဆောင်ရဲ့ ​ပြောကြား ​ချက်ကို ​မြန်မာ ​မွတ်စလင်များ ​အသင်းက ​ရှုတ်ချ ​ထားတဲ့အကြောင်း ​ရှင်ဟွာသတင်းမှာ ​ဖော်ပြထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-09-24/1371719

(Credit: ABC) 

Al-Qaeda ရန်ကြောင့် ရွှေတိဂုံလို နေရာမှာ လုံခြုံရေးတိုးချဲ့ Al-Qaeda ရန်ကြောင့် ရွှေတိဂုံလို နေရာမှာ လုံခြုံရေးတိုးချဲ့ Reviewed by သစ်ထူးလွင် on 09:20 Rating: 5
Powered by Blogger.