ISIS ကို ခုခံဖို့ ကာ့ဒ်လူမျိုးစု ခေါင်းဆောင်က လက်နက် အထောက်အပံ့တောင်း

 အီရတ်နိုင်ငံက ​ကာ့ဒ်လူမျိုးစုခေါင်းဆောင်က ​အစ္စလာမ်မစ် ​စစ်သွေးကြွအဖွဲ့ ​ISIS ​တွေကို ​ခုခံတိုက်ခိုက်ဖို့အတွက် ​လက်နက်အထောက်အပံ့ ​ပေးဖို့ ​တောင်းဆိုလိုက်ပါတယ်။

အဆိုပါအကြမ်းဖက်သမားတွေက ​ကလေးငယ်တွေနဲ့ ​အမျိုးသမီးတွေကို ​အရှင်လတ်လတ် ​မြေမြုပ်သတ်ဖြတ်မှုတွေ ​လုပ်ကြောင်း ​စွပ်စွဲခံထားရပါတယ်။

ISIS ​အကြမ်းဖက် ​အဖွဲ့ဟာ ​လက်ရှိ ​အနေအထား ​အရ ​အယ်လ်ကိုင်ဒါး ​အဖွဲ့ထက် ​ပိုမိုအင်အား ​တောင့်တင်းနေပြီး ​အမေရိကန်နဲ့ ​အနောက်နိုင်ငံ ​တွေအတွက် ​တိုက်ရိုက် ​အန္တရာယ်ပေး ​နိုင်ကြောင်း ​အမေရိကန်တို့က ​သတိပေးထားပါတယ်။

အီရတ်မြောက်ပိုင်း ​မှာရှိတဲ့ ​ISIS ​အဖွဲ့အပေါ် ​အမေရိကန်က ​လေကြောင်း ​တိုက်ခိုက် ​မှုတွေရှိ ​ခဲ့ပေမယ့် ​အရင်ကလို ​မြေပြင်ကနေ ​၀င်ရောက် ​တိုက်ခိုက်တာမျိုးကိုတော့ ​လုပ်ဆောင်သွားမှာ ​မဟုတ်ဘူးလို့ ​အမေရိကန် ​သမ္မတ ​အိုဘားမားက ​ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက် ​သမားတွေရဲ့ ​လူမဆန်စွာ ​ရက်စက်မှုရန် ​ကနေ ​စင်ဂျာတောင်တန်းတွေ ​ဘက်ကို ​ထွက်ပြေးခဲ့ကြရတဲ့ ​လူဦးရေ ​၅ ​သောင်းလောက်ရှိတဲ့ ​ရာဇီဒီ ​လူမျိုးတွေအတွက်လည်း ​အမေရိကန်က ​လေကြောင်းကနေ ​စားနပ်ရိက္ခာတွေ ​ကူညီချပေးခဲ့ပါတယ်။

ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ​လူနည်းစု ​ရာဇီဒီလူမျိုးတွေဟာ ​အနည်းဆုံး ​လူဦးရေ ​၂ ​သောင်းလောက် ​ဘေးကင်းလုံခြုံတဲ့ ​နေရာမှာ ​ရောက်ရှိနေတယ်လို့ ​အီရတ်အာဏာပိုင်တွေက ​ပြောဆိုခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-11/1355028

စစ်သွေးကြွအဖွဲ့ ISIS ရန်ကနေ ထွက်ပြေး တိမ်းရှောင်ကြတဲ့ ကာ့ဒ်လူမျိုးစု တချို့ (Credit: Reuters) 

ISIS ကို ခုခံဖို့ ကာ့ဒ်လူမျိုးစု ခေါင်းဆောင်က လက်နက် အထောက်အပံ့တောင်း  ISIS ကို ခုခံဖို့ ကာ့ဒ်လူမျိုးစု ခေါင်းဆောင်က လက်နက် အထောက်အပံ့တောင်း Reviewed by သစ်ထူးလွင် on 06:28 Rating: 5
Powered by Blogger.