High Class EXPRESS လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိ

 အရှိန်မထိန်းနိုင်သောယာဉ် လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိ

နေပြည်တော်၊ သြဂုတ် ၁၁

၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၁၁၇/၆-၇)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဖြူးအမြန်လမ်း ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့် အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ရပ်ကွက်နေ ကျော်စိုး(၄၁)နှစ်မောင်းနှင်လာသည့် 4E/xxxx High Class ကင်လုံ အ၀ါရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိပြီး လမ်းလယ်ကျွန်းကို ကျော်တက်ကာ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိရပ်တန့်သွားခဲ့ကြောင်း သိရှိရသည်။

 ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ယာဉ်မှာရှေ့ဘန်ဘာ ၀ဲဘက်ခြမ်းပိန်ချိုင့်၊ ၀ဲဘက်ရှေ့ဘီးပြုတ်၊ တိုက်ရော့ကျိုး၊ တန်ဘိုးငွေကျပ်(၈)သိန်းခန့် ပျက်စီးဆုံးရှုံး ခဲ့သောကြောင့် ကျော်စိုးအား ဖြူးအမြန်လမ်းရဲစခန်း ယာဉ်(ပ) ၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096?ref=br_tf


High Class EXPRESS လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိ High Class EXPRESS လမ်းလယ်ကျွန်း ကပ်တုံးများအား ၀င်ရောက်တိုက်မိ Reviewed by သစ်ထူးလွင် on 20:10 Rating: 5
Powered by Blogger.