အာဆီယံနဲ့ ကန်အကြား စီးပွားရေး ပူးပေါင်း လုပ်ဆောင်ဖို့ ကြေညာ

နေပြည်တော်မှာ ​ကျင်းပခဲ့တဲ့ ​အစည်းအဝေး ​အတွင်း ​အမေရိကန်နဲ့ ​အာဆီယံနိုင်ငံအကြား ​စီးပွားရေးပူးပေါင်းမှုတွေ ​လုပ်ဖို့ ​ပူးပေါင်း ​ကြေညာချက် ​ထုတ်ပြန်လိုက်ပါတယ်။

အာဆီယံ-အမေရိကန် ​စီးပွားရေး ​ဆွေးနွေးပွဲ ​အတွင်း ​အာဆီယံနဲ့ ​အမေရိကန် ​နိုင်ငံက ​အသေးစားနဲ့ ​အလတ်စား ​စီးပွားရေး ​တွေအကြား ​ပူးပေါင်းလုပ် ​ဆောင်ကြဖို့ ​သဘောတူကြတာ ​ဖြစ်ပါတယ်။ ​နှစ်နိုင်ငံ ​စီးပွားရေး ​သမားတွေ ​အတွက် ​ဈေးကွက်တွေ ​ပိုမို ​ကျယ်ပြန့် ​လာအောင် ​လုပ်ဆောင်ဖို့ ​သဘောတူ ​ကြတာလည်း ​ဖြစ်ပါတယ်။

အာဆီယံအသင်းရဲ့ ​ကုန်သွယ်ရေးနဲ့ ​စီးပွားရေး ​ဖွံ့ဖြိုးမှုတွေမှာ ​အမေရိကန် ​အနေနဲ့ ​ထောက်ပံ့ကူညီ ​ပေးခဲ့တာတွေကို ​အသိအမှတ် ​ပြုကြောင်း ​အာဆီယံ ​ဘက်ကလည်း ​ဖော်ပြထားပါတယ်။

အာဆီယံနဲ့ ​အမေရိကန် ​နိုင်ငံအကြား ​ကုန်သွယ်ရေး ​ဟာလည်း ​စံချိန်သစ် ​တင်နိုင်ခဲ့ပြီး ​ပြီးခဲ့တဲ့ ​နှစ်တုန်းက ​တန်ဖိုးအားဖြင့် ​ဒေါ်လာ ​၂၀၇ ​ဘီလီယံ ​ရှိခဲ့ပါတယ်။ ​ဒါ့အပြင် ​နှစ်စဉ်နှစ်တိုင်း ​၄% ​တိုးတက်မှု ​ရှိနေတယ်လို့လည်း ​သိရပါတယ်။

အာဆီယံ ​အသင်းနဲ့ ​ကုန်သွယ်ဘက်တွေထဲမှာ ​အမေရိကန်က ​စတုတ္တအကြီးမားဆုံး ​ကုန်သွယ်ဘက် ​ဖြစ်ကြောင်းလည်း ​သိရပြီး ​အာဆီယံအတွက် ​အမေရိကန်ဟာ ​စတုတ္တ ​ပို့ကုန်အရောင်းချနိုင်ဆုံး ​ဈေးကွက်လည်း ​ဖြစ်နေပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-08-29/1362268

အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးများနဲ့ ဒေသတွင်း အင်အားကြီးနိုင်ငံက ခေါင်းဆောင်တွေ (Credit: AFP) 

အာဆီယံနဲ့ ကန်အကြား စီးပွားရေး ပူးပေါင်း လုပ်ဆောင်ဖို့ ကြေညာ အာဆီယံနဲ့ ကန်အကြား စီးပွားရေး ပူးပေါင်း လုပ်ဆောင်ဖို့ ကြေညာ Reviewed by သစ်ထူးလွင် on 06:32 Rating: 5
Powered by Blogger.