နေပြည်တော်၊ သြဂုတ် ၁၀
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ နံနက် ၆ နာရီအချိန် မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့ ပြည်သူ့ ဆေးရုံသို့ အဆိပ်သောက်သည့် လူနာတစ်ဦး ရောက်ရှိပြီး သေဆုံး သွားကြောင်း သတင်းအရ တောင်တွင်းကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ သွားရောက်စစ်ဆေးရာ တောင်တွင်းကြီး မြို့နယ်၊ မကျီးပွင့်ရွာနေ မင်းမင်းကို(၂၀)နှစ်အား နှုတ်ခမ်း/ခြေသည်းလက်သည်းပြာ၊ ပါးစပ်မှအမြှုပ်များ ထွက်လျက် သေဆုံးနေသည်ကို တွေ့ရှိရသည်။
စစ်ဆေးချက်အရ မင်းမင်းကိုသည် သြဂုတ်လ ၈ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် နေအိမ်၌ ဗိုက်အောင့်နေသဖြင့် နှမ်းခင်းဖျန်းသည့် ““ငါးနှစ်ကောင်””ပိုးသတ်ဆေးအား ““(၅)မိနစ်””အကိုက်အခဲပျောက်ဆေးဟုထင်မှတ်ကာ မှားယွင်းသောက်မိ ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ တောင်တွင်းကြီးမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၁၆/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/pages/%E1%80%9B%E1%80%B2%E1%80%87%E1%80%AC%E1%80%94%E1%80%8A%E1%80%B9/463287083724096

အကိုက်အခဲပျောက်ဆေးနှင့် ပိုးသတ်ဆေး မှားယွင်း သောက်မိ၍ သေဆုံး
Reviewed by သစ်ထူးလွင်
on
18:06
Rating: