ထိုင်းနိုင်ငံ အမျိုးသား ငြိမ်းချမ်းရေးနဲ့ ဥပဒေ စိုးမိုးရေး ကောင်စီက ဇွန်လ ၂၈ ရက်နေ့ကစပြီး အရင်ဖွင့်ထားတဲ့ ၀မ်းစတော့ဆားဗစ်လို့ခေါ်တဲ့ အလုပ်သမားတွေကို မှတ်ပုံတင်ပေးတဲ့ နေရာ ၂၃ ခုသာမက ခရိုင် ပေါင်း ၄၃ ခုမှာ မှတ်ပုံတင်လုပ် ပေးမယ်လို့ ကြေညာထားပါတယ်။ ဗွီအိုအေသတင်းထောက် မအေးမာ က သတင်း ပေးပို့ထားပါတယ်။