ယာဉ်ထိန်းရဲအား ဓားဖြင့်ခုတ်သော တရားခံကို တရားရုံးကထောင် ဒဏ်အမိန့်များချမှတ်

 ရန်ကုန် ဩဂုတ် ၁၀

 ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုတ်ကာ ခြိမ်းခြောက်ခဲ့သည့် အောင်အောင်(ခ)ပေါ်တက်အား ရန်ကုန် တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ လွန်ခဲ့သော ဇွန် ၆ ရက်က ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ် ပင်လုံလမ်း(၃၅)ရပ်ကွက် ကားမှတ်တိုင် အနီးတွင် ရဲအုပ်မျိုးလင်းအောင်၊ ရဲအုပ် နေလင်းထွန်းတို့ဦးစီးသည့် ပူးပေါင်းအဖွဲ့ အထူးအဖွဲ့ (၉)မှ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ဆောင်ရွက်နေစဉ် အောင်အောင်(ခ)ပေါ်တက်ဆိုသူက ရဲအုပ်နေလင်း ထွန်းအား ဓားဖြင့်ခုတ်ရာ ဝဲဘက်ချိုင်းအောက် ဒဏ်ရာ ရရှိခဲ့ပြီး ရဲအုပ်မျိုးလင်း အောင်အား ဓားဖြင့် ခြိမ်းခြောက်၍ သိမ်းဆည်းထားသော နံပါတ်မပါ ၁၂၅ အနက်ရောင် ဆိုင်ကယ်ကို ယူပြီးထွက်ပြေးသွား သောကြောင့် အထူးအဖွဲ့ (၉)ကြီးကြပ်သူ ဒုတိယရဲမှူး စိန်ဝင်းက တရားလိုပြုလုပ် တိုင်တန်း ချက်အရ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့မရဲစခန်းက (ပ) ၃၁၂/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၃/၃၀၇ တို့ဖြင့် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုအမှုနှင့်ပတ်သက်ပြီး အဆိုပါမြို့နယ်ရဲစခန်းက မြို့နယ်ဥပဒေရုံးသို့ ဥပဒေအကြံပြုချက် တောင်းခဲ့ရာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၆/၃၀၇/၃၃၂ အရ တရားစွဲတင်ပို့ရန် အကြံပြုပြန်ကြားခဲ့သဖြင့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်း၏ ၂၉၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၅၀၆/၃၀၇ / ၃၃၂ အရ ဇူလိုင် ၄ ရက်တွင် တရားစွဲ တင်ပို့ခဲ့ကြောင်း၊ ယင်းအမှုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တရားရုံးက ပြစ်မှုကြီးအမှတ် ၃၃၀/၂၀၁၄ ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအပေါ် တရားရုံးက လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီး ပြစ်မှုထင်ရှားသဖြင့် ဩဂုတ် ၁ ရက်က ဆက်လက် စစ်ဆေးခဲ့ရာ တရားခံ အောင်အောင် (ခ)ပေါ်တက်အား ပြစ်မှုပုဒ်မ ၃၃၂ အရ အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လကိုလည်းကောင်း၊ ပြစ်မှုပုဒ်မ ၃၀၇ အရ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်ကို လည်းကောင်း၊ ပြစ်မှုပုဒ်မ ၅၀၆ အရ အလုပ်နှင့် ထောင်ဒဏ် ခြောက်လတို့ကိုလည်းကောင်း သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


ယာဉ်ထိန်းရဲအား ဓားဖြင့်ခုတ်သော တရားခံကို တရားရုံးကထောင် ဒဏ်အမိန့်များချမှတ်  ယာဉ်ထိန်းရဲအား ဓားဖြင့်ခုတ်သော တရားခံကို တရားရုံးကထောင် ဒဏ်အမိန့်များချမှတ် Reviewed by သစ်ထူးလွင် on 09:01 Rating: 5
Powered by Blogger.