ရွှေထည်ပစ္စည်းများ မသင်္ကာဖွယ် လိုက်လံရောင်းချ နေသူကို စစ်ဆေးရာမှ နေအိမ်အတွင်း ၀င်ရောက်ခိုးယူခဲ့မှု ပေါ်ပေါက်
ရန်ကုန်၊ သြဂုတ် ၈
ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူ ဌာနစုမှ တပ်ဖွဲ့ဝင်များသည် ၃၁.၇.၂၀၁၄ရက်နေ့၌ နယ်မြေအတွင်း သတင်းစုံစမ်း နေစဉ် ၁၁၀၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း၌ အလေးချိန် (၁)ကျပ်သားခန့်ရှိ ရွှေဟန်းချိန်း(၁)ခုနှင့် အလေးချိန် (၁)ကျပ်သားကျော်ခန့်ရှိ ကျားဝတ် ရွှေလက်ကောက်(၁)ကွင်း၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၁၈၈၀၀၀၀)တို့အား မသင်္ကာဖွယ်လိုက်လံ ရောင်းချနေသော ဒလမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်
နေ သက်ပိုင်၊ (၂၂)နှစ်၊ (ဘ)ဦးသန်းဝင်းအားတွေ့ရှိသဖြင့် စစ်မေးရာ ပန်းဘဲတန်း မြို့နယ်၊ ဗိုလ်ချုပ်ဈေးအနီးရှိ ပလက်ဖောင်းပေါ်တွင်ထိုင်နေသော အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့၏ဘေးတွင်ချထားသောအိတ်အားခိုးယူခဲ့ရာမှ ၎င်းရွှေထည် ပစ္စည်းများအား ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် ပန်းဘဲတန်း မြို့မရဲစခန်း (ပ)၂၅၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၇၉/၅၄ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းစစ်ဆေးခဲ့ ပါသည်။
အမှုမှရွှေထည် ပစ္စည်းများနှင့် ပတ်သက်၍ ပိုင်ရှင်အား စုံစမ်းဆောင်ရွက်ခဲ့ရာ ၂၇.၇.၂၀၁၄ ရက်နေ့တွင် ကမာရွတ်မြို့နယ်နေ ကိုစောဘရန်စိုး၏ နေအိမ်မှ ရွှေကြယ်သီး(၁)လုံး၊ လက်ကောက်(၁)ကွင်း၊ ဟန်းချိန်(၂)ခု၊ လက်ပ်တော့(၁)လုံး၊ i pad(၁)လုံး၊ ငွေကျပ်(၃)သိန်း၊ ဘေးလွယ်အိတ်နှင့် ခါးပတ် အိတ်၊ စုစုပေါင်းတန်ဖိုးငွေကျပ်(၇၆၆၈၅၀၀)တို့ ခိုးယူခံရ၍ တိုင်တန်းထားသော ကမာရွတ်မြို့မရဲစခန်း (ပ)၃၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀ အမှုမှ ပါဆုံးသွားသည့် ပစ္စည်းများ ဖြစ်ကြောင်း တိုက်ဆိုင်စိစစ် သိရှိရပါသည်။
ထိုသို့စိစစ်တွေ့ရှိချက်အရ သက်ပိုင်အား အသေးစိတ် ထပ်မံစစ်ဆေးခဲ့ရာ ၎င်းသည် ၂၇.၇.၂၀၁၄ ရက်နေ့ ၁၆၃၀ အချိန်ခန့်က ကိုစောဘရန်စိုး၏ နေအိမ်အတွင်းသို့ ၀ရန်တာမှ ၀င်ရောက်ကာ ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့ပြီး ရွှေထည်ပစ္စည်း အချို့အား ရောင်းချကာ အသုံးအဆောင်ပစ္စည်းများ ၀ယ်ယူထားကြောင်း ပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်များအရ ပျောက်ဆုံး ရွှေထည်ပစ္စည်းအချို့နှင့် ခိုးယူရရှိငွေ၊ ရောင်းချရရှိငွေတို့ဖြင့် ၀ယ်ယူထားသည့်ပစ္စည်းများ စုစုပေါင်း တန်ဖိုးငွေကျပ်(၇၃၅၆၄၀၀)အား ပြန်လည်သိမ်းဆည်းခဲ့ပြီး အမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice

Reviewed by သစ်ထူးလွင်
on
18:15
Rating: