ပဲခူးမြို့၊ အင်းတကော် ကျေးရွာအုပ်စု တောင်ကြီးကွဲ ကျေးရွာတွင် (၁၀.၈.၂၀၁၄)နေ့ နေ့လည် (၁၂း၀၀)အချိန်က စာအဆိပ်သင့်မှု တစ်ခု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အင်းတကော်နယ်မြေရဲ စခန်းအပိုင် တောင်ကြီးကွဲ ကျေးရွာ ၊ အမှတ်(၁၁)ရပ်ကွက်၊ ဇနိတာရာမ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းသို့ အလှူရှင် တစ်ဦးမှ လာရောက်လှူဒါန်းသည့် ဒန်ပေါက်နှင့် ရေခဲမုန့်များအားကျောင်းတွင် တရားစခန်းဝင်နေသူ ကျား (၃)ဦး၊မ (၄)ဦး စုစုပေါင်း (၇)ဦးနှင့် ကျေးရွာမှ ဥပုပ်လာစောင့်သူ ကျား(၁၈)ဦး၊မ (၅)ဦး စုစုပေါင်း (၂၃)ဦး စားပြီး အစာအစိတ်သင့်ကာ ၀မ်းပျက်၊ ၀မ်းရှော ဖြစ်ခဲ့ပြီး ဥပုပ်လာစောင့်သည့် ကျား/မ စုစုပေါင်း (၂၃)ဦးအနက် ကျား (၁၃)ဦး၊မ (၃)ဦးမှာ ကျေးရွာ ကျန်းမာရေးမှူး ဦးတင်မောင်အေး ဦးစီးအဖွဲ့က လူနာများကို ဆေးကုသမူ ပေးလျှက်ရှိပြီး၊ တရားစခန်းဝင်သူ ကျား/မ စုစုပေါင်း (၇)ဦး ၊ ဥပုပ်လာစောင့်သူ ကျန် ကျား/မ စုစုပေါင်း (၇)ဦး နှင့် စုစုပေါင်း(၁၄)ဦး တို့သည် ပဲခူးမြို့၊ ပြည်သူ့ဆေးရုံကြီး တွင်(အတွင်းလူနာ၊မစိုးရိမ်ရ) တက်ရောက် ဆေးကုသလျှက်ရှိကြောင်း သတင်းရရှိသည်။
ကိုသန့် စင်
BY THIT HTOO LWIN

တောင်ကြီးကွဲ ကျေးရွာ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်း တွင် အစာအဆိပ်သင့်မှု ဖြစ်ပွား
Reviewed by သစ်ထူးလွင်
on
16:59
Rating: