အစ္စရေးနဲ့ ပါလက်စတိုင်း ကိုင်ရိုမှာ တဆင့်ခံ ဆွေးနွေး

 အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်ဘက် ကိုယ်စားလှယ် တွေဟာ ကိုင်ရိုမြို့မှာ အီဂျစ် စေ့စပ်ညှိနှိုင်းရေး အရာရှိတွေက တဆင့် ဆွေးနွေးမှုတွေ စတင် ဆောင်ရွက် နေပါတယ်။

ဂါဇာ ဒေသမှာ လူ့ အသက်ပေါင်း ၁၉၀ဝ ကျော် သေဆုံးခဲ့ရတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ သီတင်း ၄ ပတ်ကြာ ဖြစ်ပွားခဲ့ပြီးနောက် ခုလို နှစ်ဘက် ကိုယ်စားလှယ်တွေ ဆွေးနွေးမှု စတင် နိုင်လာတာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းကြား ၃ ရက်ကြာ အပစ်ရပ် အစီအစဉ်ကို အင်္ဂ࿿ါနေ့က စတင်ခဲ့ပြီး ဒီကနေ့ ဒုတိယမြောက် နေ့မှာတော့ ဂါဇာ ဒေသမှာ ဈေးတွေ၊ ဆိုင်တွေ ပြန်ဖွင့်နေကြပါတယ်။

ဒီလို အပစ်ရပ်ထားမှုကို အသုံးချပြီး ပိုမို ကျယ်ပြန့်တဲ့ ညှိနှိုင်းမှုတွေ နှစ်ဘက် ရှေ့တိုး လုပ်ဆောင်ကြဖို့ အစောပိုင်းက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တိုက်တွန်းထားပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
http://www.bbc.co.uk/burmese/world/2014/08/140806_gaza_egypt_talks.shtml

 အပစ်ရပ်ထားချိန် ဆော့ကစားနေတဲ့ ဂါဇာက ပါလက်စတိုင်း ကလေးငယ်တွေ

အစ္စရေးနဲ့ ပါလက်စတိုင်း ကိုင်ရိုမှာ တဆင့်ခံ ဆွေးနွေး  အစ္စရေးနဲ့ ပါလက်စတိုင်း ကိုင်ရိုမှာ တဆင့်ခံ ဆွေးနွေး Reviewed by သစ်ထူးလွင် on 19:56 Rating: 5
Powered by Blogger.