လ္ဘက်ရည်ဆိုင်အကြော်တဲ ဂက်စ်မီးဖိုမှ ဂက်စ်ပိုက်ပြုတ်ထွက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် (၃)ဦး ဒဏ်ရာရ

 ရန်ကုန်၊ သြဂုတ် ၃

 ၂.၈.၂၀၁၄ ရက်နေ့ ၀၈၁၀ အချိန်တွင် လှိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ ပါရမီလမ်းရှိ လ္ဘက်ရည်ဆိုင်တွင် ဂက်စ်အိုးမှ ဂက်စ်ပိုက်ပြုတ်ထွက်ပြီး မီးလောင်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေး ခဲ့ပါသည်။

ထိုသို့စစ်ဆေးခဲ့ရာ လ္ဘက်ရည်ဆိုင်၏အကြော်တဲတွင် အကြော်ဆရာဖြစ်သူ စိုင်းဇော်မှ ဂက်စ်မီးဖိုဖြင့် အကြော်ကြော်နေစဉ် ဂက်စ်အိုးပိုက်မှာပြုတ်ထွက်ပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်ရာ သို့ မီးသတ်ယာဉ်များနှင့် ပတ်ဝန်းကျင်ရှိပြည်သူများမှ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့၍ ၀၈၁၉ အချိန်တွင် မီးငြိမ်း သွားခဲ့ပါသည်။

မီးလောင်မှုကြောင့် လ္ဘက်ရည်ဆိုင်၏အကြော်တဲအမိုးနှင့် ဂက်စ်ပိုက်များပျက်စီးခဲ့ပြီး အကြော်တဲအနီး တွင်ရှိနေသော အလုပ်သမားများဖြစ်ကြသူ ကိုသက်ဝေ တွင် ၀ဲခြေထောက်နှင့်ယာနားထင်တို့၌ မီးဟတ်ဒဏ်ရာ၊ မောင်ဇော်မင်းအောင်တွင် ယာလက်ဖျံနှင့်ဝဲ/ယာခြေထောက်တို့တွင် မီးဟတ်ဒဏ်ရာ များရရှိခဲ့သဖြင့် ပြင်ပလူနာများ အဖြစ်လည်းကောင်း၊ ကိုစိုင်းဇော်တွင် ၀ဲ/ယာလက်ဖျံနှင့် မျက်နှာတို့၌ မီးဟတ်ဒဏ်ရာများရရှိခဲ့သဖြင့် အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ်လည်းကောင်း ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရပါသည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် လက္ဘ်ရည်ဆိုင်မန်နေဂျာဖြစ်သူ ဦးကြည်လင်း၊ (၄၆)နှစ်၊ (ဘ)ဦးတင်လှနှင့် စိုင်းဇော်၊ (၂၁)နှစ်၊ (ဘ)ဦးသန်းထွန်းတို့(၂)ဦးအား လှိုင်မြို့မရဲစခန်း(ပ)၄၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၂၈၅/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


လ္ဘက်ရည်ဆိုင်အကြော်တဲ ဂက်စ်မီးဖိုမှ ဂက်စ်ပိုက်ပြုတ်ထွက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် (၃)ဦး ဒဏ်ရာရ  လ္ဘက်ရည်ဆိုင်အကြော်တဲ ဂက်စ်မီးဖိုမှ ဂက်စ်ပိုက်ပြုတ်ထွက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သဖြင့် (၃)ဦး ဒဏ်ရာရ Reviewed by သစ်ထူးလွင် on 16:45 Rating: 5
Powered by Blogger.