ရန်ကုန်၊ သြဂုတ် ၂၉
၂၈.၈.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန် လှိုင်သာယာမြို့နယ်နေ မအိအိလှိုင် (၃၃)နှစ်မှ ၎င်းသည် သားဖြစ်သူ သီဟအောင် (၆)နှစ်နှင့် တူတော်စပ်သူ အောင်ရဲမြတ် (၆)နှစ်တို့ (၂)ဦးကို လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ အ.ထ.က(၄)ကျောင်းသို့ လိုက်ပို့ခဲ့ကြောင်း၊ ကျောင်းရှေ့အရောက်၌ တူဖြစ်သူမှငိုယိုပြီး ၎င်း၏လည်ပင်းတွင်ဆွဲထားသော အဝါရောင်ချည်ကြိုး၌ ဆွဲထားသည့် ရွှေရည်(၁၄)ပဲ၊ အလေးချိန် (၅)ရွေးခန့်ရှိ ပန်းပွင့်ပုံဆွဲပြားကို ဆွဲဖြတ်ယူသွားကြောင်းပြောသဖြင့် ပတ်ဝန်းကျင်
အား ကြည့်ရှုရှာဖွေရာ အမည်မသိ အမျိုးသမီးတစ်ဦးမှ ဆွဲပြားနှင့် အဝါရောင် ချည်ကြိုးတို့ကို ယူဆောင်ထွက်ပြေးသွားသည်ကိုတွေ့ရှိရကြောင်း တိုင်းတန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း (ပ)၁၂၂၆/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့် စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ လှိုင်သာယာမြို့မရဲစခန်းရှိတပ်ဖွဲ့ဝင်များမှ တရားလို၊ သက်သေများနှင့်အတူ လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ကလေး၏ဆွဲပြားဖြတ်ယူ သွားသူ လှိုင်သာယာမြို့နယ်နေ မမွှေးမွှေးအေး၊(၃၀)နှစ်၊ (ဘ)ဦးမောင်မောင်အေးအား အမှတ်(၅)ရပ်ကွက်၊ စိန်ရတနာလမ်းပေါ်မှ ယင်းနေ့ ၁၄၄၀ အချိန်၌ ဖမ်းဆီး ရမိခဲ့သဖြင့် အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်း
ရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice?fref=nf

ကလေးငယ်၏ လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲပြား ဖြတ်ယူ သွားသူကို ဖမ်းဆီးရမိ
Reviewed by သစ်ထူးလွင်
on
18:09
Rating: