နွားထိုးကြီးမြို့နယ် ရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ

 မန္တလေးတိုင်း ဒေသကြီး၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် သဲချက်ကျေးရွာက ရွာသား ၆၀လောက်ဟာ ကျေးရွာ လျှပ်စစ်မီး ရရှိရေး အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီးကောက်ခံထားတဲ့ ငွေကြေးစာရင်းနဲ့ ကုန်ကျစရိတ်စာရင်းကို ရှင်းပြပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆို ခဲ့ကြပါတယ်။

ဆန္ဒပြပွဲဦးဆောင်သူ သဲချက်ကျေးရွာသား ကိုမိုးခိုင်က အခုလိုပြောပါတယ်။

"ရည်ရွယ်ချက်ကတော့ သဲချက်ကျေးရွာအုပ်စုရဲု့ ဖိနှိပ်ခံ ကျေးရွာသားများရဲ့ ဖိနှိပ်ခံရတဲ့ အတွက်ပေါ့၊ ကျနော်တို့ လူထုရဲ့ဆန္ဒကို ထုတ်ဖော်တယ်ဆိုပြီးတော့ ရည်ရွယ်ပြီးတော့ အဲ့လိုပြောပြီးတော့ အဲ့လိုပြေတယ်ပေါ့၊ တစ်ဦးကို လေးသိန်းနှစ်သောင်းနဲ့ ကောက်လိုက် တာပေါ့ဗျာ၊ သိန်းတစ်ထောင့်လေးရာကျော် တစ်ထောင့်ငါးရာလောက်ရတယ်ပေါ့ဗျာ၊ အဲ့ဒီစာရင်းဇယာတွေကို ကျနော်တို့က ရှင်းခိုင်းတော့ လူထုက ရှင်းခိုင်းတော့ ပထမ စာရင်းများထွက်လာတာပေါ့ဗျာ၊ စာရင်းများ မကျေနပ်တော့ ကျနော်တို့ ထပ်တိုင်တာပေါ့ဗျာ၊ မြို့နယ်ကနေပြီးတော့ ထပ်ရှင်းခိုင်းတော့ မြို့နယ်ရောက်ပြန်ရောက်တော့ မြို့နယ် လည်း သေချာရှင်းမပေးဘူးဗျ၊ မြို့နယ်ကလည်း တာဝန်ယူပြီးတော့ သေချာရှင်းပေးဘူး၊ ဟိုလူတွေနဲ့လည်း မရှင်းမပေးဘူးဆိုတော့ ကျနော်တို့က မခံမရပ်နိုင်ဆိုပြီးတော့ မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် တာဝန်ရှိတဲ့ လူကရှင်းပေးဖို့ ဆန္ဒပြတာပါ"

သဲချက်ကျေးရွာမှာ အိမ်ခြေ ၈၀၀ကျော်ရှိပြီး ကျေးရွာမီးလင်းရေးအတွက် ကိုယ်ထူကိုယ်ထ စနစ်နဲ့ မီးလင်းရေးကော်မတီကို ဖွဲ့စည်းထားတာဖြစ်တယ်လို့သိရပါတယ်။ ကျေးရွာ မီးလင်းရေးကော်မတီထံ အိမ်ခြေ ၄၀၀လောက်က တစ်အိမ်ကို ငွေကျပ် ၄သိန်းကျော် ပေး သွင်းထားတာဖြစ်ပြီး အိမ်ခြေ ၃၀၀လောက် လျှပ်စစ် မီးရရှိနေပြီလို့ ဆန္ဒပြသူတွေက ပြော ပါတယ်။

သဲချက်ကျေးရွာသားတွေက ပြီးခဲ့တဲ့ဖေဖေါ်ဝါရီလကစပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ကုန်ကျစရိတ် ငွေစာရင်းရှင်းခိုင်းပေမယ့် စာရင်းရှင်းမပေးတဲ့အတွက် နွားထိုး ကြီးမြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြတိုင်တန်းထားကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


နွားထိုးကြီးမြို့နယ် ရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ  နွားထိုးကြီးမြို့နယ် ရွာသားများ အုပ်ချုပ်ရေးမှူးကို ဆန္ဒပြ Reviewed by သစ်ထူးလွင် on 05:09 Rating: 5
Powered by Blogger.