ကျောက်တံခါး မြို့နယ် ရင်းတိုက်ကုန်း အိုင်တုံး ချောင်း ရေလျှံ မှုကြောင့် ကျေးရွာ အတွင်း၌ ရေကြီး ရေလျှံမှု များဖြစ်ပေါ်
ကျောက်တံခါး သြဂုတ် ၁
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်တွင် ဇူလိုင် ၃ဝ ရက်မှစ၍ နေ့ ညမပြတ် မိုးရွာသွန်းမှုကြောင့် ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ရင်းတိုက်ကုန်းကျေးရွာအုပ်စုအတွင်းရှိ အိုင်တုံးချောင်း ကမ်းနားဘေးရွာများဖြစ်သော ခင်တိုရွာ၊ ရင်းတိုက်ကုန်းရွာ၊ အလယ်ကျွန်းရွာနှင့် ချောက်တရာကျေးရွာတို့တွင် ရေများဝင်ရောက်နေပြီး ရေကြီးမှုများဖြစ်ပေါ် နေကြောင်း သိရသည်။
ကျွန်တော်တို့ ဒီအိုင်တုံးချောင်းဟာ ပဲခူးရိုးမမှ စီးဆင်းလာပြီး စစ်တောင်း မြစ်အတွင်းသို့ ဝင်ရောက်စီး ဆင်းသောချောင်းဖြစ်ပြီး ယခင်ကချောင်းမှာ တိမ်ကောနေ၍ ယခုနှစ် ဧပြီလကုန်က စက်ယန္တယားကြီးများဖြင့် ဆည်မြောင်း ဦးစီးဌာနက လာရောက်၍ အိုင်တုံးချောင်းအား ပြန်လည်တူးဖော်ပေးခဲ့လို့ ရေစီး ရေလာများ ကောင်းမွန်ခဲ့ပါတယ်။ အခုလို မိုးက အဆမတန် နေ့ ညရွာသွန်း လိုက်တဲ့အတွက် ဒီအိုင်တုံးချောင်းကရေတွေဟာ ကမ်းပြည့်ကမ်းလျှံဖြစ်ပြီး ချောင်းဘေးမှာရှိတဲ့အတွက် ဒီအိုင်တုံးချောင်းကရေတွေဟာ ကမ်းပြည့်ကမ်းလျှံ ဖြစ်ပြီး ချောင်းဘေးမှာရှိတဲ့ ကျွန်တော်တို့ရွာတွေထဲ ရေတွေဝင်ရောက်ခဲ့တဲ့အတွက် ရေဝင်ပေါက်တွေကို ကျွန်တော်တို့ရွာက ပြည်သူတွေစုပေါင်းပြီး တုတ်ရိုက်၍ သဲအိတ်များဖြင့် ကာရံခြင်းဆောင်ရွက်ခဲ့ပါတယ်။ ကျွဲ၊ နွားတိရစ္ဆာန်တွေကိုတော့ ကုန်းမြင့်ပိုင်းနဲ့ ကားလမ်းဘေးမှာ ချည်ထားပြီး၊ သက်ကြီးရွယ်အိုနဲ့ ကလေးတွေကို တော့ ရေကြီးမှုကင်းဝေးတဲ့နေရာမှာ ထားပါတယ်။ အနိမ့်ပိုင်းမှာရှိတဲ့ လယ်မြေတွေကတော့ ရေတွေလွှမ်းမိုးနစ်မြုပ်နေဆဲပါ။ အခုလို ရေကြီးမှုအန္တရာယ်က ကင်းဝေးနိုင်ဖို့အတွက် ပွင့်လင်းရာသီရောက်ရင် ရင်းတိုက်ကုန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ ကျေးရွာများကို ရေများမဝင်ရောက်နိုင်အောင် အိုင်တုံးချောင်း ကမ်းနံဘေးတွင် မြေသားတမံများထပ်ဆင့်၍ မြေဖို့ပေးနိုင်မည်ဆိုပါက ရေကြီး နစ်မြုပ်မှု အန္တရာယ်မှ ကင်းဝေးနိုင်မည်''ဟု ချောက်တရာရွာနေ ဦးစိုးလွင်က ပြောပြသည်။
ခင်ကို(ကျောက်တံခါး)
The Mirror Daily
https://www.facebook.com/TheMirrorDaily

Reviewed by သစ်ထူးလွင်
on
17:11
Rating: