မြန်မာတစ်မျိုးသားလုံး၏ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိဘနှစ်ပါးဖြစ်သူ ဦးဖာနှင့် ဒေါ်စုတို့သည် အလှူဒါန ကုသိုလ်ကောင်းမှု ပြုခဲ့သည့် ဘုရားကျောင်းကန် တန်ဆောင်းပြာသာဒ်များကို နတ်မောက် မြို့သူ မြို့သားများက ယနေ့တိုင် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။
ဆရာတော် ဦးဥပ္ပလ သီတင်းသုံးနေထိုင်သော ဘုရားကြီးကျောင်းတိုက် အပေါ်ထပ်တွင် ငွေဖြင့်ပြုလုပ်ထားသော တန်ဆောင်းပြာသာဒ်ပုံစံငယ်ကို ထိန်းသိမ်းထားကြောင်း နတ်မောက်ဒေသခံတစ်ဦးကပြောသည်။ ထိန်းသိမ်းထားသော ပုံစံတူ အမြင့်ပေ ၆ဝ ဝန်းကျင်ရှိသော တန်ဆောင်းပြာသာဒ်ကြီးကိုလည်း ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဦးဖာ -ဒေါ်စုသားသမီးတစ်စုကောင်းမှုဟု ကမ္ပည်းထိုးလျက် ၁၂၉၄ ခုနှစ်က ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုနည်းတူစွာ ဗိုလ်ချုပ်အောင်ဆန်းစာပေသင်ကြားခဲ့သော ဒီပင်္ကရာကျောင်းတိုက်အတွင်း ဗိုလ်ချုပ်၏ မိဘများ တည်ထားကိုးကွယ်ခဲ့သော ဘုရားသုံးဆူမှာ ယနေ့တိုင်ရှိနေကြောင်း သိရသည်။ ဗိုလ်ချုပ်ပညာသင်ကြားခဲ့သော ဆရာတော်ဦးသောဘိတ၏ ကျောင်းဆောင်ကြီးသည်လည်း မပျက်မစီး တည်တံ့ခိုင်မြဲလျက်ရှိသည်။
နေဦးမောင်(ပခုက္ကူ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

သမိုင်းဝင်စေတီပုထိုး၊ ကျောင်းတော်ကြီးများ နတ်မောက်မြို့၌ ယနေ့တိုင် ထိန်းသိမ်းထား
Reviewed by သစ်ထူးလွင်
on
21:39
Rating: