နယ်စပ် ရိဒ်ခေါ်ဒါရ်မြို့သစ်မှာ ကျပ်ငွေ စက္ကူဟောင်း သုံးစွဲမရ

 အိန္ဒိယ – မြန်မာ အမှတ် (၂) ကုန်သွယ်ရေး လမ်းကြောင်းပေါ် ချင်းပြည်နယ်ဖက် နယ်စပ် ရိဒ်ခေါ်ဒါရ် ( တီအိုရွာ) မြို့သစ် တွင် မြန်မာ ကျပ် ငွေ စက္ကူဟောင်းနွမ်းတွေ သုံးစွဲမရကြောင်း ယခုလို ဖြစ်နေသည်မှာ ကြာပြီဖြစ်ကြောင်း သိရပါ တယ်၊

အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်း ပေါ်မှာ ယခုလို ကျပ်ငွေစက္ကူဟောင်းတွေ သုံးစွဲမရတော့လို့ ကုန်သည်၊ ဈေး သွား၊ ဈေးဝယ်က အစ ပြည်သူတွေ ကုန်စည် ဖလှယ်ရာမှာ အခက်အခဲကြုံတွေ့နေကြတယ်လို့ ပူး ဘွေဆုမ်းက ယခုလို ပြောပြ ပါတယ်၊

” ဒီနေရာက ကုန်သွယ်ရေး လမ်းကြောင်းဆိုတော့ ငွေလည်ပတ်မှုက မြန်တော့ယင် ငွေစက္ကူတွေက ချက်ချင်း နွမ်းကျေ သွား တာပေါ့နော်၊ ဒီငွေစက္ကူတွေ ကို ဈေးရောင်း ဈေးဝယ်တွေ အချင်းချင်းကြား လက်မခံတော့ အားလုံး က ဒုက္ခ ရောက် တာပေါ့ လေ”

သက်ဆိုင်ရာ ဌာနဆိုင်ရာ နဲ့ အစိုးရ အာဏာပိုင်တွေ အနေနဲ့လည်း ယခုလို ဟောင်းနွမ်းတဲ့ ငွေ စက္ကူတွေ မသုံးနိုင်တဲ့ ကိစ္စ နဲ့ ပါတ်သက်ပြီး တစုံတရာ ဖြေရှင်းနိုင်မှု မရှိတဲ့အပြင် သူတို့ကိုယ်တိုင်လည်း အခက်ကြုံနေရတယ် လို့ သိရပါတယ်၊

” ကျမတို့ ဘာပဲ ၀ယ်ဝယ် ဈေးရောင်းသူက ကျမတို့ ပေးတဲ့ငွေကို လက်မခံဘူး၊ လက်ခံပါ ပြောလို့လည်းမရ၊ အသစ် စက် စက် ငွေစက္ကူလည်းမရှိ၊ ဘယ်အာဏာပိုင်မှ လည်း မဖြေရှင်းပေးနိုင်းဘူး၊ သူတို့ကိုယ်တိုင်လည်း ကျမတို့ ပြည်သူတွေလိုပဲပေါ့ ” ဟု ဒေသခံ ဈေးဝယ် အမျိုးသမီးတဦးက ခိုနုမ်းသုန်ကို ပြောပါတယ်၊

ယခုလို ကျပ်ငွေ စက္ကူရွက်ဟောင်းတွေ သုံးစွဲမရတာဟာ မြန်မာတပြည်လုံး အနှံ့ ဖြေရှင်းမရတဲ့ ကိစ္စဖြစ်တယ်လို့ သိရပြီး တဖက် မီဇိုရမ်မှာမူ ရူပီး ငွေစက္ကူဟောင်းတွေ သုံးစွဲမရတာ မရှိကြောင်း တစုံတခု ဆုတ်ပြဲမိပါက သက်ဆိုင်ရာ အစိုးရ ဘဏ်ရုံးက  ချက်ချင်း လဲပေးလိုက်ပါတယ်၊

Khonumthung News Group
http://www.khonumthungburmese.org/?p=3942


နယ်စပ် ရိဒ်ခေါ်ဒါရ်မြို့သစ်မှာ ကျပ်ငွေ စက္ကူဟောင်း သုံးစွဲမရ   နယ်စပ် ရိဒ်ခေါ်ဒါရ်မြို့သစ်မှာ ကျပ်ငွေ စက္ကူဟောင်း သုံးစွဲမရ Reviewed by သစ်ထူးလွင် on 11:03 Rating: 5
Powered by Blogger.