ဇီဝလုံခြုံမူကြောင့် ဓာတ်ခွဲခန်းပို့လွှတ်ရန်ကြန့်ကြာခဲ့သည့် အီဘိုလာ သံသယလူနာ ဆေးစစ်ချက်ရရန် အိန္ဒိယနိုင်ငံ ဓာတ်ခွဲခန်းပို့လွှတ်နိုင်ပြီ

ရန်ကုန်၊သြဂုတ် ၂၉။

ကျန်းမာရေး ၀န်ကြီးဌာနက အီဘိုလာဗိုင်းရပ်စ် သံသယလူနာ အတွက် အိန္ဒယနိုင်ငံ ပီရူးမြို့သို့ဓာတ်ခွဲခန်း ဆေးစစ်ချက်ရရန် ရက် အတန်ကြာ နှောင့်နှေးခဲ့သည့် အီဘိုလာ သံသယလူနာ၏ ဓာတ်ခွဲ စစ်ဆေးမည့်အချက်အလက်၊ သွေးနမူများကို ယနေ့နေ့လည်အချိန်က အိန္ဒယနိုင်ငံ ဓာတ်ခွဲခန်း သို့အောင်မြင်စွာ ပို့လွှတ်နိုင်ပြီ ဖြစ်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ဦးမင်းသန်းညွှန်က ပြည်ထောင်စုနေ့စဉ်သို့ ယနေ့ပြောကြားသည်။

အိန္ဒိယနိုင်ငံရှိ ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)အသိအမှတ်ပြု အိဘိုလာ ကူးစက်မြန်ဘိုင်းရပ်စ်စမ်းသပ် စက်ရှိရာသို့အီဘိုလာ သံသယလူနာ ကိုဇင်မင်းဦး၊ အသက်၂၂၏ ဆေးစစ်ချက်ပို့ရန် ကျန်းမာရေးဝန်ကြီးဌာနက လွန်ခဲ့သည့်တပတ်ကပင် စတင်ဆောင်ရွက်ခဲ့သော်လည်း ကျော်လွှားရန်ခက်ခဲသည့် ပြသာနာများနှင့် အိန္ဒိယနိုင်ငံ ဇီဝလုံခြုံမူကြောင့် ဓာတ်ခွဲခန်းပို့လွှတ်ရန်ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဦးမင်းသန်းညွှန် ကပြောသည်။

``ဒီကနေ့အိန္ဒိယနိုင်ငံသွားဖလိုက်နဲ့ထွက်သွားပါပြီ။သွေးနမူနာကို ကျွန်တော်တို့ပို့လိုက်ပြီ။ ရက်အရင်က ကြာသွားတဲ့ အကြောင်း ကတော့ပြောဖို့မလိုတော့ဘူး။ အဲ့ဒီကိစ္စတွေကနိုင်ငံတကာကိစ္စတွေဖြစ်လို့ တအားရူပ်ထွေးတယ်။ သို့သော်တော်တော်လေး ညှိနိုင်းပြီး ပို့လွှတ်ရတယ်။ အများ ကူးစက်လွယ်တဲ့ရောဂါ ပိုးစစ်ဆေးပေးရမှာ ဆိုတော့ အားလုံးကကြောက်နေရတယ်။ ကိုယ့်တိုင်းပြည်က လူတွေကြောက်သလို ကျန်တဲ့လူတွေလဲကြောက်တာပေါ့။ တော်တော်လေးညှိရတယ်။ ညှိရတဲ့အချက်(၆)ချက်ရှိပြီးဘာတွေလဲဆိုတာပြောဖို့က နိုင်ငံတကာပြသာနာတွေဖြစ်လာမှာကြောင့် မပြောတာပါ။ အခုအချိန်မှာတော့အောင်မြင်စွာနဲ့ ပို့လိုက်နိုင်ပါပြီ``ဟုဒေါက်တာဦးမင်းသန်းညွှန်က
ပြောကြားသည်။

အိန္ဒိယနိုင်ငံပို့လွှတ်သည့်လေကြောင်းလိုင်းကိုဖော်ပြရန်မလိုအပ်သောကြောင့်လျှိုဝှက်ထားပြီးအီဘိုလာဗိုင်းရပ်စ်ပိုးသည် အလွန်ကူးစက်မြန်သောကြောင့် ဓာတ်ခွဲခန်းဆိုင်ရာ ပညာရှင်များက
ထိပ်လန့်မူ၊ တဖက်နိုင်ငံအစိုးရက စဉ်းစားမူများရှိခဲ့သောကြောင့် ဆေးစစ်ရန်တပတ်ခန့်ကြာမြင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ငွေရေးကြေးရေးကိစ္စ၊ နိုင်ငံရေးကစ္စ၊ ကမ္ဘာကျန်းမာရေးအဖွဲ့နှင့် တခြားအဖွဲ့အစည်းများနှင့် ဆေးစစ်ရန်ကြန့်ကြာမူပြသာနာမှာ ပက်သက်ခဲ့ခြင်းမရှိဘဲ နိုင်ငံ၏ဇီဝလုံခြုံမူကို အိန္ဒိယဘက်က
အလွန်စဉ်းစားခဲ့ကြောင်း အဆိုပါတာဝန်ရှိသူကဆိုသည်။

(၁၉-၈-၂ဝ၁၄)ရက်နေ့၊ ညပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ရောဂါစောင့်ကြပ်ကြည့်ရှုရေးအဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း ဆောင်ရွက်စဉ် အာဖရိက အနောက်ပိုင်းဒေသ Guinea နိုင်ငံနှင့် Liberia နိုင်ငံများတွင် အလုပ်သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသူ အသက်(၂၂)နှစ်အရွယ် အမျိုးသား(၁)ဦးသည် ဖျားခြင်း၊ ကိုယ်လက်မအီမသာ ဖြစ်ခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်း၍ လိုအပ်သော ဆေးကုသခြင်းနှင့် ဓာတ်ခွဲစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီ်း အီဘိုလာသံသယလူနာ ကိုဇင်မင်းဦးမှာ ယခင်ထက်ကျန်းမာရေး ကောင်းမွန်နေသော်လည်း ၄င်းရရှိသည့်အာဖရိကတုပ်ကွေး အမျိုးအစားမှာ ပြင်းထန်သောကြောင့် ဆေးကုသမူ ခံယူရန် ဆေးရုံကြီးတွင် ဆက်လက်ကြပ်မတ်ကုသပေးနေရပြီး ၄င်းနှင့် အတူပါလာသူ အဖော်လူငယ်လေးဦး၏ အခြေအနေမှာ လုံးဝကောင်းမွန်ကြောင်းနှင့် ဆေးကုသမူအခြေအနေကို ဆုံးဖြတ်ရန်အိန္ဒိယနိုင်ငံ၊ပီရူးမြို့မှ ပြန်လာမည့်ဆေးစစ်ချက်ပေါ်မူတည်ကာ ယနေ့မှ ရက်ပေါင်း(၃)ရက်သို့မဟုတ် (၅)ရက်အတွင်း သတင်းဆက်လက်ထုတ်ပြန်အသိပေးမည်ဖြစ်ကြောင်းနှင့် ဝေဘာဂီအထူးကု ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသော သံသယလူနာ ဦးဇင်မင်းဦး၏ ကျန်းမာရေး အခြေအနေမှာ သက်သာကောင်းမွန်လျက် ရှိကြောင်းသိရသည်။

နေဇာ
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764

ကူးစက်မြန်EBOLA VIRUSအီဘိုလာဗိုင်းရပ်စ်ကူးစ်ရောဂါ သိကောင်းစရာများကိုယနေ့နေ့လည်၂ နာရီအချိန်တွင်ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ၊ ဇောတိကလမ်းရှိ ကျန်းမာရေးပြတိုက်တွင်
ပါမောက်ခ Drဒေါ်ကြည်ကြည်သင်း၊ ပါမောက်ခ/ဌာနမှူး(ငြိမ်း) အဏုဇီဝဗေဒဌာန၊ ဆေးတက္ကသိုလ်(၁)က ဟောပြောပညာပေးစဉ်


ဇီဝလုံခြုံမူကြောင့် ဓာတ်ခွဲခန်းပို့လွှတ်ရန်ကြန့်ကြာခဲ့သည့် အီဘိုလာ သံသယလူနာ ဆေးစစ်ချက်ရရန် အိန္ဒိယနိုင်ငံ ဓာတ်ခွဲခန်းပို့လွှတ်နိုင်ပြီ ဇီဝလုံခြုံမူကြောင့် ဓာတ်ခွဲခန်းပို့လွှတ်ရန်ကြန့်ကြာခဲ့သည့် အီဘိုလာ သံသယလူနာ ဆေးစစ်ချက်ရရန်  အိန္ဒိယနိုင်ငံ ဓာတ်ခွဲခန်းပို့လွှတ်နိုင်ပြီ Reviewed by သစ်ထူးလွင် on 16:40 Rating: 5
Powered by Blogger.