ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်၍ ကယ်ဆယ်ရေးစခန်း(၈)ခုဖွင့်ထား

 ပဲခူးမြစ်ရေသည် (၆.၈.၂၀၁၄)နေ့ ည(၁၀း၃၀) အချိန်တွင်(၉၁၈) စင်တီမီတာသို့ ရောက်ရှိ နေပြီး ရေဘေး ကယ်ဆယ်ရေး စခန်း(၈)ခု ဖွင့်လှစ်ထားခဲ့ရာ ကလျာဏီ သိမ် ရေဘေး ကယ်ဆယ်ရေး စခန်းတွင် အိမ်ထောင်စုပေါင်း (၂၀၈)စု၊ ကျား(၅၅၅)ဦး၊ မ(၆၆၅)ဦး၊ ကျား/မစုစုပေါင်း(၁၂၂၀)ဦး၊ ကျွန်းသာယာအ နောက်ရွှေနံ့သာ ဘုန်းတ်ာကြီးကျောင်း ရေဘေး ကယ်ဆယ်ရေး စခန်းတွင် အိမ်ထောင်စု(၂၂၁)စု၊ ကျား(၅၈၉)ဦး၊မ (၆၀၀)ဦး၊ကျား/မ စုစုပေါင်း(၁၁၈၉)ဦး၊ မဇင်း မြသာလျောင်း ဘုရားဝင်းနှင့် ကြေးနီကန် ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေး စခန်းတွင် အိမ်ထောင်စု(၃၈၄)စု၊ကျား(၉၂၅)ဦး၊မ (၁၀၁၇)ဦး၊စုစုပေါင်း ကျား/မ (၁၉၄၂)ဦး၊ ရွာသစ် အမက(မူလွန်) ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၁၂)စု၊ကျား(၁၃)ဦး၊မ (၂၃)ဦး၊ စုစုပေါင်း ကျား/မ(၃၆)ဦး၊ဇိုင်/တောင် ရွှေဘုန်းပွင့် ၀င်္ဂဘာ ဘုန်းတော်ကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၁၃၂)စု၊ကျား(၂၆၅)ဦး၊မ (၂၆၆)ဦး၊စုစုပေါင်းကျား/မ(၅၃၁)ဦး၊ကျောက်ကြီးစုအ.ထ.က ခွဲ(၁) ကျောင်း ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၁၃၂)စု၊ကျား(၃၁၄)ဦး၊မ(၃၁၅)ဦး၊စုစုပေါင်းကျား/မ(၆၂၉)ဦး၊ဇိုင်း/မြောက် အ.ထ.က(၄) ကယ်ဆယ်ရေးစခန်းတွင်အိမ်ထောင်စု(၃၁)စု၊ကျား(၇၇)ဦး၊မ(၆၆)ဦး၊စုစုပေါင်းကျား/မ(၁၃၉)ဦး၊ ရွာသစ် ဥဿ(၇) ကျိုက်ပွန်ဘုရားဝင်းကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၁၅၈)စု၊ကျား(၃၆၈)ဦး၊မ (၄၂၈)ဦး၊ စုစုပေါင်း ကျား/မ(၇၉၆)ဦး၊ ရောက်ရှိနေပြီး ပဲခူးမြို့ ကယ်ဆယ်ရေးစခန်း(၈)ခု တွင် ယနေ့ညနေအထိ ကျား/မ စုစုပေါင်း (၆၄၈၂)ဦးရောက်ရှိနေကြောင်းသတင်းရရှိသည်။

ပဲခူးမြစ် ရေတက်နေသဖြင့် ထရန်စဖော်မား (၂၀)လုံး မှ လျှပ်စစ်မီတာ (၄၀၀၀)ကျော်အား လျှပ်စစ်အန္တရာယ် ကင်းဝေးစေရေးအတွက် လျှပ်စစ်မီးဖြတ်တောက်ထားရကြောင်းနှင့် တာဝန်ရှိသူများမှာ ရေးဘေးသင့်ပြည်သူများအား ထမင်းထုပ်၊သောက်ရေနှင့် ကူးစက်ရောဂါများ မဖြစ်ပွားစေရန်အတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

သတင်း-ဓါတ်ပုံ ။ ကိုသန့် စင်




ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်၍ ကယ်ဆယ်ရေးစခန်း(၈)ခုဖွင့်ထား  ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်၍ ကယ်ဆယ်ရေးစခန်း(၈)ခုဖွင့်ထား Reviewed by သစ်ထူးလွင် on 23:11 Rating: 5
Powered by Blogger.